မိတ္ထီလာ ဒုက္ခသည်တွေကို အိမ်ပြန်ဆောက် ပေးမယ်

  • 17 ဒီဇင်ဘာ 2013
Image caption မွတ်ဆလင်နဲ့ ဗုဒ္ဓ ဘာသာဝင် အိုးမဲ့ အိမ်မဲ့ ဒုက္ခသည် ၄ဝဝဝ ကျော် အားလုံး အတွက် စီစဉ် ထားပြီ

မိတ္ထီလာမြို့ မှာ အိုးမဲ့ အိမ်မဲ့ ဖြစ်နေတဲ့ ဒုက္ခသည် ၄ဝဝဝ အတွက် လုံးချင်း အိမ်တွေနဲ့ အထပ်မြင့် တိုက်ခန်း တွဲတွေ ဆောက်လုပ် ပေးတော့ မယ်လို့ မန္တလေး တိုင်း အစိုးရက တာဝန်ရှိ သူက ပြောပါတယ်။

အဲ့ဒီ ဒုက္ခသည်တွေ ကတော့ လွန်ခဲ့တဲ့ မတ်လ တုန်းက ဗုဒ္ဓ ဘာသာဝင် တချို့နဲ့ မွတ်ဆလင် တို့ ပဋိပက္ခ ဖြစ်ပွား ခဲ့ပြီးနောက် နေအိမ်တွေ မီးရှို့ ခံလိုက် ရတဲ့ သူတွေ ဖြစ်ပါတယ်။

ကိုယ်ပိုင် မြေရှိ သူတွေကို အိမ်လုံးချင်း ဆောက်ပေးမှာ ဖြစ်ပြီး မြေရာ မရှိ ကျူးကျော် သူတွေကိုတော့ တိုက်ခန်းတွဲ ဆောက်ပေး မယ်လို့ မန္တလေး တိုင်း အစိုးရ လမ်းပန်း ဆက်သွယ်ရေး ဝန်ကြီး ဦးကျော်ဆန်းက ပြောပါတယ်။

အိုးမဲ့ အိမ်မဲ့ မွတ်ဆလင် နဲ့ဗုဒ္ဓ ဘာသာဝင် ဒုက္ခသည် ၄ဝဝဝ ကျော် အားလုံး အတွက် စီစဉ် ထားတာ ဖြစ်ကြောင်း ကိုလည်း မိတ္ထီလာ ခရိုင် အုပ်ချုပ်ရေး မှူး ဦးတင်မောင်စိုးက ပြောပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ