မြန်မာပြည်မှာ ဘိန်း ထုတ်လုပ်မှု အထူး တိုးလာ

  • 18 ဒီဇင်ဘာ 2013
Image caption ဝင်ငွေရနိုင်မယ့် အစားထိုး သီးနှံ စိုက်ပျိုးနိုင်ခြင်း မရှိ

မြန်မာနိုင်ငံမှာ ဒီနှစ် ဘိန်းထုတ်လုပ်မှု ထူးထူး ခြားခြား တိုးလာတယ်လို့ ကုလသမဂ္ဂက ပြောပါတယ်။

ဘိန်းစိုက် တောင်သူတွေအနေနဲ့ တခြား အသက်မွေး ဝမ်းကျောင်း လုပ်နိုင်မယ့် နည်းလမ်းတွေ မရှိတာ ကြောင့် အာဏာပိုင်တွေရဲ့ ဘိန်းစိုက်ပျိုးမှုကို တားဆီးရေး ကြိုးပမ်းမှုတွေ မအောင်မြင် ဖြစ်ခဲ့ရ တယ်လို့ ကုလသမဂ္ဂက ပြောပါတယ်။

မြန်မာနိုင်ငံမှာ အခုနှစ်အတွင်း ဘိန်းထုတ်လုပ်မှုဟာ တန်ချိန် ၈၇၀ လောက် ရှိမှာဖြစ်ပြီး အာဖဂန်နစ္စတန် ပြီးရင် ကမ္ဘာမှာ ဘိန်း အများဆုံး စိုက်ပျိုးထုတ်လုပ်တဲ့ နိုင်ငံ ဖြစ်နေဆဲလို့ ကုလသမဂ္ဂ မူးယစ်ဆေးဝါးနဲ့ ရာဇဝတ်မှုဆိုင်ရာ ဌာနရဲ့ နှစ်ပတ်လည် အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

ဒေသတွင်း ဟီရိုးအင်း ဘိန်းဖြူ သုံးစွဲမှု များလာတာနဲ့ မြန်မာနိုင်ငံ အရှေ့မြောက်ပိုင်းက ဆင်းရဲနွမ်းပါးတဲ့ ရှမ်းပြည်နယ်မှာ ဝင်ငွေရနိုင်မယ့် အစားထိုး သီးနှံ စိုက်ပျိုးနိုင်ခြင်း မရှိတာ စတာတွေကြောင့် အခုလို ဘိန်းနဲ့ မူးယစ်ဆေးဝါး ထုတ်လုပ်မှု တိုးပွားလာရတဲ့ အကြောင်းရင်းတွေ ဖြစ်တယ်လို့ ဆိုပါတယ်။

အာဖဂန်မှာတော့ ဒီနှစ်မှာ ဘိန်းတန်ချိန် ၅ ထောင်ခွဲလောက် ထုတ်ခဲ့တာ ဖြစ်ပြီး မနှစ်ကထက် ၅၉ ရာခိုင်နှုန်း တိုးလာခဲ့တယ်လို့ ကုလသမဂ္ဂ အေဂျင်စီက ပြီးခဲ့တဲ့ လက ဖော်ပြခဲ့ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ