မြန်မာ အပါအဝင် ၄နိုင်ငံ စီးပွားရေး စင်္ကြန်လမ်းမကြီး

  • 21 ဒီဇင်ဘာ 2013
china burma border
Image caption နယ်စပ်ကုန်သွယ်ရေး တင်မက နိုင်ငံတွေ ဖြတ်မယ့် ကုန်သွယ်ရေး အတွက်စီမံနေကြ

ဘင်္ဂလားဒေ့ရှ်၊ အိန္ဒိယ၊ မြန်မာ နဲ့ တရုတ်နိုင်ငံတွေ ကို ဆက်သွယ်မယ့်လမ်းမကြီး အပါအဝင် ၄ နိုင်ငံ ပူးပေါင်းဆောင်ရွက်မယ့် စီးပွားရေး ပူးပေါင်းဆောင်ရွက်မှု စီမံကိန်း BCIM Economic Corridor အတွက် သုတေသန လုပ်ငန်းတွေ စဖို့ သဘောတူ လိုက်ကြပါပြီ။

တရုတ်နိုင်ငံ ယူနန် ပြည်နယ် မြို့တော် ကူမင်း မြို့မှာ ကျင်းပတဲ့ အစည်းအဝေးမှာ ၄ နိုင်ငံ က ကိုယ်စားလှယ်တွေ က အခုလို လုပ်ငန်းတွေ စတင်ဖို့ သဘောတူခဲ့ကြတာဖြစ်ပြီး ဒေသတွင်းနိုင်ငံတွေ အကြား ကုန်သွယ်မှုတွေ၊ ရင်းနှီးမြှုပ်နှံမှုတွေ တိုးမြှင့်ဖို့ရည်ရွယ် ဆောင်ရွက်နေကြတာပါ။

ဒီ ၄ နိုင်ငံကိုဆက်သွယ်မယ့် စင်္ကြန် လမ်းမကြီး ဟာ တောင်အာရှနဲ့ အရှေ့အာရှ ကို ဆက်သွယ်မယ့်လမ်းမကြီး လည်းဖြစ်ပါတယ်။

အနောက်ဘက်က စရင် လမ်းကြောင်းက ဘင်္ဂလားဒေ့ရှ်မှာ စတင် အိန္ဒိယကို ဖြတ်၊ နောက်မြန်မာပြည် ကို ဝင်ပြီး အရှေ့မြောက်ကို ဆန်တက် သွားမယ့် ဒီလမ်းမကြီး ဟာ တရုတ် က ယူနန်ပြည်နယ် အထိ ဆက်သွယ် လိုက်ကြမှာပါ။

မြန်မာနိုင်ငံအနေနဲ့ ပထဝီ သဘောအရ ကြားမှာရှိတဲ့အတွက် အကျိုးအမြတ်များစွာ ရနိုင်သလို တနိုင်ငံချင်းရဲ့ နိုင်ငံရေး တည်ငြိမ်မှု၊ ၄ နိုင်ငံ ရဲ့ ပူးပေါင်းဆောင်ရွက်မှုတွေ ကလည်း ဒီစီမံကိန်း အောင်မြင်ရေး အတွက် အရေးကြီးတယ် လို့ ရန်ကုန် စီးပွားရေးတက္ကသိုလ် မှာ ပါမောက္ခ တာ၀န်ထမ်းဆောင်ခဲ့တဲ့ ဒေါက်တာ မောင်မောင်စိုး က မှတ်ချက် ပေးပါတယ်။