မြန်မာပြည်သူ့ဖိုရမ် ကျင်းပရေး ပြင်ဆင်

  • 23 ဒီဇင်ဘာ 2013
_asean_
Image caption အာဆီယံဖိုရမ် အကြို မြန်မာပြည်သူ့ဖိုရမ် စီစဉ်

မြန်မာနိုင်ငံ က ၂၀၁၄ ခု နှစ်မှာ အာဆီယံ အလှည့်ကျ ဥက္ကဌ တာဝန်ယူတဲ့ အချိန်မှာ ကျင်းပမဲ့ အာဆီယံ ဖိုရမ် အတွက် ကြိုတင် ပြင်ဆင်တဲ့ အနေနဲ့ မြန်မာ ပြည်သူ့ဖိုရမ် ကို လာမဲ့ ဒီဇင်္ဘာလ ၂၈၊၂၉ နဲ့ ၃ဝ ရက်တွေ မှာ ကျင်းပမဲ့ အကြောင်း မြန်မာ ပြည်သူ့ဖိုရမ် လုပ်ငန်း အဖွဲ့၊ အတွင်းရေးမှူးရုံး က ပြောပါတယ်။

မြန်မာ ကွန်ဗင်းရှင်း စင်တာ မှာ ကျင်းပမဲ့ မြန်မာ ပြည်သူ့ဖိုရမ် မှာ တင်ပြဆွေးနွေးကြမဲ့ အချက်တွေ ထဲမှာ ငြိမ်းချမ်းရေး၊ ဖွံ့ဖြိုးရေး၊ တရားမျှတမှု နဲ့ လူ့အခွင့်အရေး၊ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေး စတဲ့ ခေါင်းစဉ် တွေ ပါဝင်မဲ့ အကြောင်း မြန်မာ ပြည်သူ့ဖိုရမ် လုပ်ငန်း အဖွဲ့၊ အတွင်းရေးမှူးရုံး တာဝန်ခံ ဦးကျော်လင်းဦး က ဘီဘီစီ ကို ရှင်းပြပါတယ်။

ဒီဖိုရမ် က ထွက်ပေါ်လာတဲ့ အချက်တွေ ကို လည်း အစိုးရ နဲ့ မီဒီယာ ကို အသိပေးပြီး၊ အစိုးရ အနေနဲ့ မူဝါဒ ပြောင်းလဲမှု ပြုခဲ့ရင် အရပ်ဘက် အဖွဲ့အစည်းတွေ ရဲ့ အမြင်သဘောတရားတွေ ကို ထည့်သွင်းစဉ်းစား ပြီး ပိုမိုကောင်းမွန်တဲ့ မူဝါဒတွေ ချမှတ် ပေးနိုင်ရေး လည်း မျှော်လင့်ကြောင်း ဦးကျော်လင်းဦး က ပြောပါတယ်။

အထက်ပါ ဖိုရမ် ကို အရပ်ဘက် အဖွဲ့အစည်း ၂ဝဝ ကျော် မှ တက်ရောက်မဲ့ အကြောင်း၊ လူပေါင်း ၅ဝဝ စါရင်းပေးပြီး ဖြစ်ကြောင်း၊ ပထမ ဆုံးနေ့မှာ အဖွင့်မိန့်ခွန်း ပြောကြားပေးပါရန် သမ္မတ ဦးသိန်းစိန်၊ ပြည်သူ့လွှတ်တော် ဥက္ကဌ၊ သူရ ဦးရွှေမန်း၊ အမျိုးသား ဒီမိုကရေစီ ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည် တို့ကို ဖိတ်ကြား ထားကြောင်း၊ ဒါပေမဲ့ အကြောင်းပြန်ကြားခြင်း မရှိသေး ကြောင်း မြန်မာ ပြည်သူ့ဖိုရမ် လုပ်ငန်း အဖွဲ့၊ အတွင်းရေးမှူးရုံး တာဝန်ခံ ဦးကျော်လင်းဦး က ဘီဘီစီ ကို ရှင်းပြပါတယ်။