မြေသိမ်းခံရသူတွေ သူတို့မြေမှာ ထွန်ယက်တာကို ပြစ်ဒါဏ်ချ

  • 24 ဒီဇင်ဘာ 2013
Image caption အသိမ်းခံရတဲ့ လယ်တွေမှာ ထွန်ယက်လို့ ပြစ်ဒဏ်ချခံရ

မန္တလေးတိုင်း သာစည်မှာ စက်မှု ၁ က သိမ်းထားတဲ့ ယာမြေတွေ ပြန်ရရေး အသိမ်းခံမြေတွေမှာ ၀င်ရောက်စိုက်ပျိုးခဲ့တဲ့ တောင်သူတွေနဲ့ သူတို့ကို ကူညီတဲ့ သူတွေကို ထောင် ၆ လ ကနေ ၃ နှစ် ကျော် အထိ စီရင်ချက် ချလိုက်ပါတယ်။

လှိုင်းတက် စည်သွတ် စက်ရုံ ကုန်ကြမ်း စိုက်ပျိုးဖို့ ဆိုပြီး စက်မှု ၁ နဲ့ စိုက်ပျိုးရေး ဝန်ကြီးဌာန တို့က သိမ်းယူထားတဲ့ ထန်းတော ၊ ရေတွင်းကြီးနဲ့ အင်တိုင်သား ရွာတွေက တောင်သူ တထောင်ကျော်ပိုင် မြေတွေမှာ မူလပိုင်ရှင်တွေက ၂၀၁၃ ဧပြီတုန်းက ၀င်ရောက်ထွန်ယက်ခဲ့ကြတာ ဖြစ်ပါတယ်။

မေလဆန်းပိုင်းမှာ သူတို့ကို ပိုင်နက်ကျူးလွန်မှု ၊ ပြည်သူပိုင် ပစ္စည်း ဖျက်ဆီးမှု ၊ နိုင်ငံတော် ငြိမ်၀ပ် ပိပြားရေး ထိခိုက်မှုတွေနဲ့ တရားစွဲခဲ့ပြီး မနေ့က ဒီဇင်ဘာ ၂၃ ရက်နေ့မှာ သာစည် တရားရုံးက ပြစ်ဒဏ် ချမှတ်ခဲ့တာ ဖြစ်ပါတယ်။