လယ်သမားအရေး ဆောင်ရွက်သူတွေ ပြန်လွတ်လာ

  • 24 ဒီဇင်ဘာ 2013
burma_farmers
Image caption လယ်ယာမြေတွေ အသိမ်းခံခဲ့ရတဲ့ လယ်သမားတွေ ရှိနေပါတယ်။

ပေါင်းတည် ထောင်မှာ လယ်သမား အရေး ဆောင်ရွက်မှု တွေကြောင့် ထိန်းသိမ်း ခံထား ရတဲ့ သူတွေ ပြန်လည် လွတ်မြောက် လာကြပါတယ်။

မိတ္ထီလာ ပြည်သူ့ အကျိုးဆောင် ကွန်ရက်က ဒေါ်မြင့်မြင့်အေး၊ ဝိမုတ္တိလူမှုကူညီရေးအဖွဲ့က ဒေါ်မိမိခိုင်နဲ့ နတ္တလင်း ပြည်သူ့အကျိုးဆောင် ကွန်ရက်က ဦးသန့်ဇင်ထက် တို့ကို အင်္ဂါနေ့ မနက်ကပဲ ပြန်လွှတ်ပေးလိုက် တာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ဒီဇင်ဘာ ၁၃ ရက်နေ့က စပြီး အစာငတ်ခံ ဆန္ဒပြလို့ ၁၁ ရက် မြောက်နေ့မှာ ပဲခူးတိုင်း တရားရေး ဝန်ကြီး ဌာနက စွဲချက် မတင်သင့်ဘူး ဆိုတဲ့ သူတို့ရဲ့ လျှောက်လဲ ချက်ကို လက်ခံပြီး အပြစ်မရှိဘူးဆို လွှတ်ပေး ခဲ့တာ ဖြစ်ကြောင်း မိတ္ထီလာ ပြည်သူ့ အကျိုးဆောင် ကွန်ရက်က ဒေါ်မြင့်မြင့်အေးက ပြောပါတယ်။

နတ္တလင်းနဲ့ ပေါင်းတည် မြို့နယ်ထဲမှာ စစ်တပ်နဲ့ ရဲ ဘက်က သိမ်းယူခံ ထားရတဲ့ လယ်မြေ တွေက လယ်သမား တွေကို သွားရောက် ကူညီခဲ့ အပြီး မှာ သူတို့ကို ပုဒ်မ ၆/၈၈ နဲ့ စွဲချက်တင် ပြီး ပေါင်းတည် ထောင်ကို ပို့ခဲ့တာ ဖြစ်ပြီး အချိန်ကာလ အားဖြင့် ၆ လ နဲ့ ၂ ပတ် ကြာ ဖမ်းဆီး ထိန်းသိမ်း ထားခဲ့တာ ဖြစ်ပါတယ်။

အဲဒီ လယ်မြေတွေမှာ မူလ လယ်ပိုင်ရှင် ၃၀ လောက်က ဝင်ရောက် ထွန်ယက် ခဲ့တာကို သွားရောက် ကူညီခဲ့တာ ဖြစ်ပါတယ်။

ဒေါ်မြင့်မြင့်အေးက သူတို့အ နေနဲ့ အပြစ်မရှိဘဲ အကျဉ်းထောင်ထဲ ၆ လ လောက် နေခဲ့ရတာ ၊ သက်သေတွေ အများကြီးနဲ့ အချိန်စွဲပြီး စစ်ဆေးခဲ့တာ တွေကြောင့် ငွေ သိန်း ၅၀ ကျော် ကုန်ကျ ခဲ့ရပြီး အများကြီး နစ်နာ မှုတွေ ရှိခဲ့ တာကြောင့် အဲဒီတုန်းက တရားစွဲ ခဲ့သူကို ပြန်လည် တရားစွဲဖို့ အတွက် စိတ်ကူး ရှိတယ် လို့လည်း ပြောပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ