တက္ကသိုလ်များ ဗဟိုကောင်စီ မူကြမ်းကို ကျောင်းသားများ ကန့်ကွက်

Rangoon University
Image caption တက္ကသိုလ် အဖွဲ့အစည်း တွေဟာ ကျောင်သား တွေကို ကိုယ်စားပြုနိုင်ရမယ်လို့ သမဂ္ဂတွေကဆို

ပညာရေး ဝန်ကြီးဌာနက ရေးဆွဲနေတဲ့ တက္ကသိုလ်များ ဗဟိုကောင်စီ ဖွဲ့စည်းရေး အစီအစဉ် မူကြမ်း နဲ့ပတ်သက်ပြီး ကျောင်းသား သမဂ္ဂ အဖွဲ့အစည်း တွေက ကန့်ကွက် နေပါတယ်။

တက္ကသိုလ် အသီးသီး က ပါမောက္ခချုပ် တွေ ၇၅ ရာခိုင်နှုန်း အထိ ပါဝင် ဖွဲ့စည်းမှာ ဖြစ်တဲ့ အဲဒီ အစီအစဉ် အရ ပေါ်ပေါက် လာမယ့် အဖွဲ့အစည်း ဟာ ဗဟို ချုပ်ကိုင်မှု များပြီး အာဏာရှင် ဆန်တဲ့ အဖွဲ့အစည်း တခုသာ ဖြစ်လိမ့် မယ်လို့ ဗကသများ အဖွဲ့ချုပ် ဗဟိုလုပ်ငန်း ကော်မီတီ ဥက္ကဌ ကို ကျော်ကိုကို က ပြောပါတယ်။

တက္ကသိုလ်များ ဗဟိုကောင်စီ ဖွဲ့စည်းရေး ဒုတိယ မူကြမ်း လို့ ခေါင်းစဉ်တပ် ထားတဲ့ စာမျက်နှာ ၂ ရွက်ကိုသာ တက္ကသိုလ် ဆရာတွေဆီ ဖြန့်ဝေတာ ရှိပြီး ကျောင်းသား ကိုယ်စားလှယ် ပါဝင်မှုလည်း သိပ်မရှိဘူး လို့ သူက ဆိုပါတယ်။

နောက်ပိုင်း မှာတော့ အဲဒီစာတမ်း အပြည့်အစုံကို သူတို့ ကျောင်းသား သမဂ္ဂ အဖွဲ့တွေက ရရှိ နိုင်ခဲ့တယ် လို့လည်း ပြောပါတယ်။

သူတို့ အနေနဲ့ လွပ်လပ်ပြီး ဒီမိုကရေစီ နည်းလမ်း ကျတဲ့၊ ကျောင်းသား တွေကို ကိုယ်စားပြုတဲ့ တက္ကသိုလ်များ ကောင်စီ ဖြစ်လာစေချင်တယ် လို့လည်း ကိုကျော်ကိုကိုက ပြောပါတယ်။