နိုင်ငံရေးနဲ့ ပတ်သက်တဲ့ အမှုတွေကို လွတ်ငြိမ်းခွင့်ပေး

  • 30 ဒီဇင်ဘာ 2013
Image caption ဒီ အမှုတွေနဲ့ ပတ်သက်ပြီး စုံစမ်း အရေးယူ ကြားနား စစ်ဆေး နေတာ တွေကို ပိတ်သိမ်းပြီး ချက်ခြင်း လွှတ်ပေး ရမယ်

နိုင်ငံရေး ပြစ်မှုတွေနဲ့ ပတ်သက် နေသူ အားလုံးကို လွတ်ငြိမ်း ချမ်းသာခွင့် ပြုတဲ့ ပြစ်ဒဏ် လွတ်ငြိမ်းခွင့်၊ အမိန့် အမှတ် ၅၁/၂၀၁၃ ကို သမ္မတရုံး ကနေ တနင်္လာနေ့ ညမှာ ထုတ်ပြန် လိုက်ပါတယ်။

မတရား အသင်းပါ အက်ဥပဒေ၊ နိုင်ငံတော် သစ္စာ ဖေါက်မှုနဲ့ အကြည် အညို ပျက်စေမှု၊ နိုင်ငံတော် အား နှောင့်ယှက် ဖျက်ဆီး လိုသူ များရဲ့ ဘေး အန္တရာယ်မှ ကာကွယ် တဲ့ ဥပဒေ၊ ငြိမ်းချမ်းစွာ စီတန်း လှည့်လည်ခွင့် ဆိုင်ရာ ဥပဒေ၊ ၁၉၅၀ အရေးပေါ် စီမံမှု အက်ဥပဒေ စတဲ့ ဥပဒေတွေနဲ့ ပြစ်ဒဏ် ကျခံ နေရသူ အားလုံးကို လွတ်ငြိမ်း ချမ်းသာခွင့် ပြုလိုက်တာ ဖြစ်ပါတယ်။

ဒါ့အပြင် ဒီ အမှုတွေနဲ့ ပတ်သက်ပြီး စုံစမ်း အရေးယူ တာတွေနဲ့ တရားရုံး တွေမှာ ကြားနား စစ်ဆေး နေတာ တွေကိုလည်း ပိတ်သိမ်းပြီး ချက်ခြင်း လွှတ်ပေး ရမယ်လို့ အမိန့်ထဲ မှာ ဖေါ်ပြထား ပါတယ်။

ဒါပေမယ့်လည်း ၂၀၁၃ ခုနှစ် အကုန် ဒီဇင်ဘာလ ၃၁ ရက်နေ့ နောက်ပိုင်း ဒီဥပဒေတွေ ကို ကျူးလွန်တဲ့ သူတွေနဲ့ ဒီအမိန့် သက်ဆိုင်ခြင်း မရှိဘူးလို့ ဖေါ်ပြထား ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ