နိုင်ငံရေး အကျဉ်းသား ၁၄၀ ပြန်လွတ်

  • 31 ဒီဇင်ဘာ 2013
Image caption တရုတ် အလံ မီးရှို့ မှုနဲ့ ပတ်သက်ပြီး ထိန်းသိမ်း ခံခဲ့ ရတဲ့ နိုင်ငံရေး တက်ကြွ လှုပ်ရှားသူ ဒေါ်နော်အုန်းလှ

သမ္မတ ကနေ လွတ်ငြိမ်း ချမ်းသာခွင့် အမိန့် ထုတ်ပြန် ခဲ့ပြီးနောက် နိုင်ငံရေး အကျဉ်းသား ၁၄၀ ကို အစိုးရ က ပြန်လွှတ် ပေးလိုက်ပြီ ဖြစ်ပါ တယ်။

လက်ကျန် နိုင်ငံရေး အကျဉ်းသားများ စိစစ်ရေး ကော်မတီက တင်ပြ ထားတဲ့ နိုင်ငံရေး အကျဉ်းသား ၃၄ ယောက် ထဲက ၅ ဦး ဖြစ်တဲ့ ကိုရန်နိုင်ထွန်း၊ ကိုမောင်မောင်သန်း ကိုဝင်းရွှေ ၊ ကိုတင်ထွတ်ပိုင် ကိုအောင်မင်းနိုင် တို့ လည်း ပြန်လွတ်လာ ပါတယ်။

ကျန်တဲ့ ၂၉ ဦး ကတော့ တခြား ပုဒ်မ တွေနဲ့ ညှိစွန်း နေတာကြောင့် ပြန် မလွတ်ပဲ ဖြစ်နေရ ပါတယ်။

Image caption ကိုထင်ကျော် (ကုန်စျေးနှုန်း)

တရုတ် အလံ မီးရှို့ မှုနဲ့ ပတ်သက်ပြီး ထိန်းသိမ်း ခံနေ ရတဲ့ နိုင်ငံရေး တက်ကြွ လှုပ်ရှားသူ ဒေါ်နော်အုန်းလှ၊ ၉၆၉ လှုပ်ရှားမှု စွပ်စွဲ ချက်နဲ့ ထောင်ကျ ခံနေရတဲ့ ကိုရဲမင်းဦး၊ ကုန်စျေးနှုန်း ကျဆင်းရေး စည်းရုံး လှုပ်ရှားသူ ကိုထင်ကျော် တို့လည်း ပြန်လွတ်လာ ပါတယ်။

ပြန်လွတ်လာ သူတွေ ထဲမှာ ပုဒ်မ ၁၈ ဒါမှမဟုတ် ၅၀၅ ခ နဲ့ အမှု ရင်ဆိုင် နေရတဲ့ သူတွေ အများ အပြား ပါဝင်ပြီး၊ ၅၀၅ ခ နဲ့ အိုးဘို ထောင်က ၉ ဦး လည်း ပြန်လွတ် လာပါတယ်။

အခုနှစ် ၂၀၁၃ အကုန်မှာ နိုင်ငံရေး အကျဉ်းသား အားလုံး ပြန်လွှတ် ပေးမယ်လို့ သမ္မတ ဦးသိန်းစိန်က ကတိပေးထား တာ ဖြစ်ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ