အီးယူ မြန်မာ မြှုပ်နှံမှု စာချုပ်မယ်

  • 2 ဇန်နဝါရီ 2014
myanmar bank
Image caption စာချုပ် ချုပ်တာ နဲ့ မြုပ်နှံမှုတွေ ဝင်မလာ

မြန်မာ နဲ့ အီးယူ နိုင်ငံများ အကြား ရင်းနှီးမြုပ်နှံ ရာမှာ နှစ်ဦး နှစ်ဘက် အကာအကွယ် ပေးရေး အတွက် ရင်းနှီး မြုပ်နှံမှု သဘောတူ စာချုပ် ချုပ်ဆို သွားမယ် လို့ မြန်မာ ရင်းနှီး မြုပ်နှံမှု ကော်မရှင် က ထုတ် ပြောလိုက်ပါ တယ် ။

ဒီလို အကာအကွယ် ပေးရေး သဘောတူ စာချုပ် ချုပ် ဆို လိုက်တာ နဲ့ ထင်သလောက် ရင်းနှီး မြုပ်နှံမှုတွေ ဝင်လာခဲ့တာ မဟုတ်ပါဘူး။

ရင်းနှီး မြှုပ်နှံ မှုတွေ တိုးတက်ဖို့ အတွက် နိုင်ငံရေး တည်ငြိမ်ဖို့၊ အစိုးရ လွှတ်တော်နဲ့ အတိုက်အခံ တွေကြား တင်းမာ နေမှုတွေ လျှော့ချ နိုင်ဖို့နဲ့ တိုင်းပြည်ရဲ့ အခြေခံ လမ်းတံတားနဲ့ ရေမီး စနစ်တွေ ပြည့်စုံ အောင် ပြုပြင်ဖို့ လိုတယ်လို့ မြန်မာနိုင်ငံ ငါးလုပ်ငန်း အဖွဲ့ချုပ် ဒုဥက္ကဋ္ဌ ဦးနှင်းဦးက ဆိုပါတယ်။

ဒါပေမဲ့ လည်း စီးပွားရေး ယဉ်ကျေးမှု ချင်း မတူညီ ကွာဟတဲ့ မြန်မာနဲ့ အီးယူလို နိုင်ငံကြီး တွေ အကြား လူမှုရေး အရ တာဝန် ယူမှုလို အလေ့အထ တွေ ဖြစ်ထွန်း လာဖို့ ဒီလို စာချုပ်တွေ ရေးထိုးဖို့ လိုအပ်သလို အစိုးရ ပိုင်း ကလည်း ဥပဒေ စိုးမိုးမှု ရှိအောင် လုပ်ဆောင် ပေးရမယ်လို့ ဦးနှင်းဦးက ပြောကြား ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ