အခြေခံ ဥပဒေ ပြင်ရေး ရန်ကုန်မှာ ဆန္ဒပြ

  • 3 ဇန်နဝါရီ 2014
Image caption 1,000 millions strong for Daw Aung San Suu Kyi ဆိုတဲ့ လှုံဆော်မှု လုပ်နေ တဲ့ အဖွဲ့က ဦးစီး ကျင်းပ

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် အန်အဲလ်ဒီ ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည် ကို သမ္မတ ဖြစ်ခွင့် ကန့်သတ် သလို ဖြစ်နေတဲ့ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ထဲက ကန့်သတ် ချက်ကို ပယ်ဖျက် ပေးဖို့ ဆန္ဒပြပွဲတခု သောကြာနေ့က ရန်ကုန် မြို့တော် ခန်းမ ရှေ့မှာ ဖြစ်ခဲ့ပါတယ်။

ရန်ကုန် မြို့တော် ခန်းမ ရှေ့မှာ လူ လေး ငါး ဆယ်လောက် စုဝေး လာခဲ့ပြီး အခြေခံ ဥပဒေ ကို ပြင်ပေးဖို့ အထူး သဖြင့် ပုဒ်မ ၅၉ (စ) ကို ပြင်ပေးဖို့ ဆိုင်းဘုတ် တွေ ကိုင်ပြီး ဆန္ဒ ပြခဲ့ ကြသလို မြို့တော် ခန်းမ ရှေ့ က မဟာဗန္ဓုလ ပန်းခြံကိုလည်း လှည့်ပတ် ကာ သူတို့ ဆန္ဒထုတ် ဖော်ခဲ့ကြ ပါတယ်။

1,000 millions strong for Daw Aung San Suu Kyi ဆိုတဲ့ လှုံဆော်မှု လုပ်နေတဲ့ အဖွဲ့က ဦးစီး ကျင်းပ တာဖြစ်တဲ့ အကြောင်း အဲဒီ အဖွဲ့ရဲ့ တာဝန်ခံ ကိုဆန်းဝင်းအောင် က ပြောပါတယ်။

အခု ဆန္ဒ ပြပွဲ ရဲ့ ရည်ရွယ်ချက် ထဲမှာ၊ ပြည်သူက ရွေးချယ်တဲ့ အစိုးရ တရပ် ပေါ်ထွန်းရေး လည်း ပါဝင် တယ်လို့လည်း သူက ပြောပါတယ်။

ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ကို ဒေါ်အောင်ဆန်းစုကြည် ရဲ့ပါတီ ဖြစ်တဲ့ အန်အဲလ်ဒီက ကိုယ်စားလှယ်တွေ လည်း ပါဝင်တဲ့ ကော်မီတီ တခုက၊ ပြန်လည် လေ့လာ သုံးသပ် နေကြပြီး အဲဒီ ကော်မီတီ ကနေ သူတို့ရဲ့ အကြံပြုချက် တွေကို ဒီလ အကုန် နောက်ဆုံး ထားပြီး လွှတ်တော်ကို တင်ပြ ကြတော့ မှာပါ။

လွှတ်တော်ရဲ့ အဆုံး အဖြတ် မစောင့် နိုင်ဘဲ အခုလို ဆန္ဒပြကြ တာဟာ လွှတ်တော်ထဲ မှာဆိုရင် ပြည်ခိုင်ဖြိုး ပါတီက အမတ် နေရာ အများစု ဖြစ်နေလို့ အောင်မြင်မှာ မဟုတ်ဘူးလို့ ဆန္ဒပြသူ တယောက် ဖြစ်တဲ့ ဦးဇော်ဝင်း ကပြောပါတယ်။

ဆန္ဒပြ သူတွေက သူတို့ အနေနဲ့ ရှေ့မှာလည်း ဒီလို ဆန္ဒပြ ပွဲတွေ နဲ့ ဆက်လက် တောင်းဆို သွားမယ် လို့ ဘီဘီစီ ကို ပြောပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ