ဒေါ်စုကို ကလေးမြို့မှာ သောင်းသောင်းဖျဖျ ကြိုဆို

  • 6 ဇန်နဝါရီ 2014
Image caption ပဲခူးတိုင်း သာယာဝတီ ခရိုင်ပွဲမှာတော့ လူထု သောင်းနဲ့ တက်ရောက်ခဲ့

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ၄ ရက်ကြာ ချင်းပြည်နယ် ခရီးစဉ် အစ စစ်ကိုင်းတိုင်း ကလေးမြို့ ကို တနင်္လာနေ့ ညနေ က လေယာဉ်နဲ့ ရောက်ရှိ သွားပြီ ဖြစ်ပါတယ်။

လေဆိပ် ကနေ သူတည်း ခိုမယ့် ဟော်တည်ကို သွားရာ တလျှောက် လမ်းဘေး ဝဲယာမှာ သူ့ကို ထောက်ခံ သူတွေနဲ့ ပြည့်နှက် နေပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ဟာ မြန်မာ နိုင်ငံကို ကမ္ဘာနဲ့ ရင်ဘောင်တန်း နိုင်အောင် လုပ်ပေး နိုင်မယ်လို့ ယုံကြည်ကြောင်း ထောက်ခံ သူတွေ တဦးက ပြောပါတယ်။

ဟော်တည် အရောက် မှာတော့ ဒေါ်အောင်ဆန်းစုကြည်ဟာ လူထုကို ၂ မိနစ် လောက် စကား ပြောခဲ့ ရာမှာ၊ အရင် တခေါက်လာ တုန်းက ထက် အခု အချိန်မှာ အားလုံး နဲ့ ပွင့်ပွင့် လင်းလင်း တွေ့နိုင် တဲ့ အတွက် ကျေးဇူး တင်ကြောင်း ပြောကြားသွား ပါတယ်။

တနင်္လာနေ့ မှာတော့ ကလေး မြို့မှာ ညအိပ်မှာ ဖြစ်ပြီး အင်္ဂါနေ့ မှာတော့ တီးတိန် ကို သွားရောက်ပြီး လူထုနဲ့ တွေ့ဆုံ စကား ပြောမှာ ဖြစ်ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ