လွတ်လပ်အတွေး ဆွေးနွေးဖလှယ်။

  • 6 ဇန်နဝါရီ 2014
တပ်မတော် စစ်ရေးပြအခမ်းအနား
Image caption တပ်မတော် စစ်ရေးပြအခမ်းအနား

၂၀၀၈ခုနှစ် အခြေခံဥပဒေ ပြင်ဆင်ရေးဟာ တတိုင်းပြည်လုံးနဲ့ဆိုင်တဲ့ ကိစ္စဖြစ်လို့ တပ်မတော်ကလည်း ပါဝင်ဖို့ ၆၆နှစ်မြောက် လွတ်လပ်ရေးနေ့ မိန့်ခွန်းထဲမှာ ဒေါ်အောင်ဆန်းစုကြည်က တိုက်တွန်း သွားပါတယ်။

ဒီတော့ အခြေခံဥပေဒေပြင်ရေးမှာ တပ်မတော်ရဲ့ အခန်းကဏ္ဍ ဘယ်လောက် အဓိကကျ တယ်လို့ သောတရှင်တွေ ယူဆပါသလဲ။

လူထု တောင်းဆိုနေတဲ့ အခြေခံဥပဒေ ပြင်ဆင်ဖို့ တပ်မတော် ပါဝင်လာအောင် ဘယ်လို ဆောင်ရွက်နိုင်မလဲ။

သောတရှင်တွေရဲ့အတွေးအမြင်တွေကို လာမယ့် ဇန္နဝါရီလ ၁၁ရက်စနေနေ့ည လွတ်လပ်အတွေး အစီအစဉ်မှာ ပါဝင်ကြဖို့ဖိတ်ခေါ်လိုက်ပါတယ်။

ပါဝင် ဆွေးနွေးချင်သူတွေ ဖုန်းနံပါတ် ၀၀၄၄၂၀၃၆၁၄၄၀၆၄ ကို ဖြစ်စေ၊ burmese@bbc.co.uk ကို ဖြစ်စေ ဆက်သွယ်ပြီး မိမိရဲ့ အမည်၊ ပြန်လည် ဆက်သွယ်ရမယ့် ဖုန်းနံပါတ်၊ ခေါ်ဆိုတဲ့ တိုင်းပြည်နဲ့ ဆွေးနွေးချင်တဲ့ အကြောင်းအရာတွေကို ပြောခဲ့ရင် ဘီဘီစီက ပြန်ခေါ်ပေးပါမယ်။

bbcburmese facebook message box ကနေလည်း ဆက်သွယ်နိုင်ကြပါတယ်။