ရန်ကုန် စည်ပင်ရဲ့ တန်ဖိုးမျှ အိမ်ရာ

  • 6 ဇန်နဝါရီ 2014
construction housing
Image caption ရန်ကုန်မှာ နေအိမ် လိုအပ်ချက် မြင့်မား

ရန်ကုန် တိုင်း အစိုးရနဲ့ ရန်ကုန် စည်ပင်တို့ ပူးပေါင်းပြီး ဒဂုံမြို့သစ် မြောက်ပိုင်း ဗိုလ်ဗထူး လမ်းမှာ တန်ဖိုးမျှတ အိမ်ရာ စီမံကိန်း တခု ဆောက်လုပ် နေပါတယ်။

တလ ကျပ် ၃ သိန်း က ၇ သိန်း ရှိတဲ့ လူပုဂ္ဂိုလ် တွေနဲ့ မိသားစု တွေ အတွက် စတုရန်း ပေ ၆ဝဝ ပတ်လည် တခန်းကို ကျပ် သိန်း ၂၅ဝ ဝန်းကျင် ဈေးတွေနဲ့ ၄ ခန်းတွဲ ၈ ထပ် တိုက်ခန်းတွဲ ၁၄ ခု ရောင်းချဖို့ စီစဉ် နေပါတယ်။ ဒီလို ရောင်းချမှု တွေဟာ အရစ်ကျ စနစ်၊ ဘဏ်ချေးငွေ စနစ် စတာတွေနဲ့ ရောင်းချ သွားမယ် ဆိုပေမယ့် လည်း လူလတ်တန်းစား အောက်လွှာ ရဲ့ အောက်က သာမန် ပြည်သူတွေ လက်လှမ်း မီနိုင်တဲ့ ဈေးတွေ မဟုတ်ဘူးလို့ မြန်မာ ဖရီးဒမ်း အင်္ဂလိပ် သတင်းစာ အယ်ဒီတာချုပ် ဦးသီဟစောက ပြောပါတယ်။

ဒီလို လစာနည်း ဝန်ထမ်း တွေ အတွက် လခ ဈေးချိုတဲ့ အိမ်ရာ စီမံကိန်းမျိုးတွေ ပြန်လုပ်ပေးသင့်တယ်၊ ကာလရှည် အရစ်ကျ ပေးချေ စံနစ်မျိုး ကျင့်သုံးသင့်တယ် လို့ သူက ပြောပါတယ်။ ရန်ကုန် မြို့တော် စည်ပင်က ပထမ ၅ နှစ် အတွင်း လွှဲပြောင်း ရောင်းချတာ ငှားရမ်း တာတွေ မလုပ်နိုင်အောင် သေချာ ကြပ်မတ် သွားမယ် ဆိုပေမယ့် လည်း လက်တွေ့ မှာ ဝယ်လိုအား ရောင်းလိုအား မမျှတမှု တွေကြောင့် မသမာ မှုတွေ ပေါ်လာနိုင်တယ် လို့ ဦးသီဟစောက ဆက်ပြော ပါတယ်။ ရန်ကုန် စည်ပင်က ဒီလို တန်ဖိုးမျှတ အိမ်ရာ စီမံကိန်း ၄ ခု ဒဂုံ မြို့သစ် မြို့နယ် တွေမှာ ဆောက်လုပ်ဖို့ စီစဉ် နေတယ်လို့ သိရပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ