ကသာမှာ မူးယစ်ဆေးပေါ

  • 7 ဇန်နဝါရီ 2014
timber
Image caption ဒေသခံတွေကို မူးယစ်ဆေးနဲ့ လုပ်အားခပေး

ကချင် ပြည်နယ်၊ ရှမ်းပြည်နယ်နဲ့ စစ်ကိုင်းတိုင်း တို့ ဆုံရာ ကသာခရိုင် အတွင်း မူးယစ်ဆေးဝါး ရောင်းဝယ် သုံးစွဲတာတွေ များပြားလာတယ်လို့ သိရပါတယ်။

ဒီတစ်ပတ် အတွင်း ကသာခရိုင်မှာ ဖမ်းဆီး အရေးယူ ခဲ့ရတဲ့ မူးယစ်ဆေးမှု ငါးမှု ရှိသွားပြီ ဖြစ်ပါတယ်။

သက်ဆိုင်ရာက မူးယစ်ဆေးဝါး ဆန့်ကျင်ရေးအတွက် ပညာပေးတွေ လုပ်နေပေမယ့် အရမ်း နည်းနေတဲ့ အတွက် တကယ့် ပြည်သူတွေ ကြား မပျံ့နှံ့ဘဲ ဖြစ်နေတယ်လို့ သိရပါတယ်။

ကသာခရိုင် အတွင်းက ဒေသခံ အလုပ်ကြမ်း သမားတွေက စိတ်ကြွ ဆေးပြားတွေကို မူးယစ်ဆေးဝါးလို့ မသိကြဘဲ အားဆေး အမှတ်နဲ့ သုံးစွဲလာ ကြတာတွေ တောင် ရှိနေပြီလို့ ကသာမြို့ခံ သတင်းထောက် ကာတွန်း ဟာကျူလီ က ပြောပါတယ်။

ကသာခရိုင် အတွင်း သစ်ခိုးထုတ်တာ အပါအဝင် တရားမဝင် လုပ်ငန်းတွေ လာလုပ်ကြသူ တွေက ဒေသခံတွေကို မူးယစ်ဆေးနဲ့ လုပ်အားခ ပေးချေ တာမျိုး တွေ ရှိတဲ့ အကြောင်း ကိုလဲ သူက ပြောပါတယ်။

ဒီဆေးပြားတွေ စာသင်ကျောင်းနဲ့ လယ်စိုက်ခင်းက ကောက်စိုက်မတွေ ဆီအထိ ရောက်လာတဲ့ အတွက် ဒေသခံ တွေက စိုးရိမ် နေကြပါတယ်။

နယ်မြေချင်း ဆက်နေတဲ့ ရှမ်းပြည် ကနေ ဒီဆေးပြားတွေ အဓိက ဝင်လာတယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ နှစ်အတွင်း ဒေသထဲက ရွာတရွာမှာ မူးယစ်ဆေး ထုတ်နေတဲ့ နေရာနဲ့ လူတွေကို ဒေသခံ တွေက သိလို့ အကြောင်းကြား တဲ့အခါ ရဲက အရေးမယူလို့ ရပ်ရွာကပဲ ဖမ်းဆီး ရဲလက်အပ် ခဲ့ရတဲ့ ကိစ္စတွေ ရှိခဲ့တယ်လို့ သိရပါတယ်။

ကသာ ခရိုင် ရဲတပ်ဖွဲ့ ကတော့ ဒီအကြောင်း ပြန်လည် ဖြေကြားမှု မရှိခဲ့ပါဘူး ။

ဒီသတင်းနဲ့ပတ်သက်သမျှ