ကေအိုင်အေနဲ့ အစိုးရတပ် တိုက်ပွဲ ဖြစ်ပြန်

  • 7 ဇန်နဝါရီ 2014
KIO and MPC Meeting in Myitkyina
Image caption ကေအိုင်အိုနဲ့ အစိုးရ တို့ ၂၀၁၃ နှစ်ကုန်က မြစ်ကြီးနားမှာ ဆွေးနွေးခဲ့

တစ်နိုင်ငံလုံး အပစ် အခတ် ရပ်စဲနိုင်ရေး ကို မကြာခင်မှာ ကြေညာ နိုင်လိမ့်မယ်လို့ အစိုးရက ပြောနေတဲ့ အချိန်မှာပဲ ကေအိုင်အေ ကချင် လွတ်လပ်ရေး တပ်တွေနဲ့ အစိုးရ တပ်တို့ကြား တိုက်ပွဲ ထပ်မံ ဖြစ်ပွားခဲ့ ပါတယ်။

ဇန်နဝါရီလ ၆ ရက်နေ့ ညနေ ၃ နာရီ ခွဲကာနီး လောက်က ခြေလျင်တပ်ရင်း ခလရ ၅၆ က တပ်သားတွေနဲ့ ကေအိုင်အေ တပ်တို့ မန်စီမြို့နယ် မုန်းဒိန်ပါရွာနဲ့ သံတံတား ကြားမှာ နာရီဝက်ကြာ တိုက်ပွဲ ဖြစ်ခဲ့တယ်လို့ ကေအိုင်အေ တပ်ရင်း ၁၂ တပ်ရင်းမှူး ဗိုလ်မှူး ဂျွန်အောင်က ဘီဘီစီကို ပြောပါတယ်။

ကေအိုင်အေ တပ်တွေ ရှိမှန်း သိလျက်နဲ့ အစိုးရ တပ်တွေ ဝင်လာချိန်မှာ ကေအိုင်အေ ဘက်က ထောင်ထားတဲ့ မိုင်းနင်းမိခဲ့ပြီး တဆက်တည်း လက်နက်ကြီး လက်နက်ငယ်တွေနဲ့ ပစ်ခတ်လာလို့ တိုက်ပွဲ ဖြစ်ခဲ့တာလို့ လည်း သူက ပြောပါတယ်။

တိုက်ပွဲ ဖြစ်ပြီးတဲ့နောက် အစိုးရ တပ်က တပ်ကြပ်ကြီး တစ်ယောက်နဲ့ တပ်သား တစ်ယောက် ကို လက်နက် သုံးလက်နဲ့ အတူ စစ်သုံ့ပန်း အဖြစ် ဖမ်းဆီး ထားခဲ့ပြီးတဲ့နောက် ကေအိုင်အို ခေါင်းဆောင်ပိုင်းက ပြန်လွှတ်ပေးဖို့ ညွှန်ကြား ခဲ့တဲ့ အတွက် ဖမ်းထားသူတွေကိုရော သိမ်းလိုက်တဲ့ လက်နက်တွေကိုပါ မုန်းဒိန်ပါ ရွာက ရပ်ရွာ လူကြီးတွေလက်ထဲ ပြန်အပ်ခဲ့တယ်လို့ ဗိုလ်မှူး ဂျွန်အောင်က ပြောပါတယ်။

ဒီအကြာင်း ဘီဘီစီက သီးခြား အတည်ပြုလို့တော့ မရသေးပါဘူး။

အစိုးရ တပ်သားတွေက သူတို့ လမ်းမှားပြီး ဝင်လာ မိတဲ့ အကြောင်း ဝန်ခံ ပြောခဲ့တယ် လို့လည်း ဗိုလ်မှူး ဂျွန်အောင်က ပြောပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ