ပြည်နယ်တွေ ဖွံ့ဖြိုးရေး လုပ်မယ်ဒေါ်စု ကတိပေး

  • 8 ဇန်နဝါရီ 2014
Daw Aung San Suu Kyi in Chin State
Image caption ချင်းပြည်နယ် ဖလမ်းမြို့ရောက် ဒေါ်အောင်ဆန်း စုကြည်

ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပြင်ဆင်ရေး အတွက် နယ်လှည့် စည်းရုံး နေတဲ့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ပါတီ ဥက္ကဌ ဒေါ်အောင်ဆန်း စုကြည်ဟာ ဇန်နဝါရီလ ချင်းပြည်နယ် ဖလမ်းမြို့မှာ ဒေသခံ နှစ်ထောင်ကျော်နဲ့ တွေ့ဆုံခဲ့ ပါတယ်။

အဲဒီ တွေ့ဆုံပွဲမှာ ပြည်နယ်တွေ ဖွံ့ဖြိုးရေး အတွက် ပြည်မနဲ့ တန်းတူ လုပ်ဆောင် သွားမယ်လို့ ဒေါ်အောင်ဆန်း စုကြည်က ပြောခဲ့ ပါတယ်။

ဖလမ်း ခရိုင် ရိကွဒ်ထား မြို့နယ်ခွဲ အတွင်းက ချင်းပြည်နယ်ရဲ့ အလှဆုံးလို့ ဆိုနိုင်တဲ့ အသဲပုံ ရိဒ် ရေကန် ပတ်ဝန်းကျင် ထိန်းသိမ်းရေးကို သူကိုယ်တိုင် ဦးဆောင် လုပ်မယ်လို့လည်း ကတိ ပေးခဲ့ ပါတယ်။

ရိဒ် ရေကန် ကြီးရှိရာ ဒေသကို အိန္ဒိယ နိုင်ငံ ဘက်ကတောင် လာရောက်ပြီး အပန်းဖြေလေ့ ရှိကြတာကြောင့် ခရီးသည်တွေ အတွက် နေစရာတွေ ဆောက်နိုင်အောင် ဒေသဆိုင်ရာ အာဏာပိုင်တွေက တောတောင်တွေကို ရှင်းလင်းပြီး မြေကွက်တွေ စတင် ဖော်ဆောင်နေတာတွေ့ရတဲ့ အတွက် ဒေါ်အောင်ဆန်း စုကြည် ရောက်တုန်း ရောက်ခိုက် ဒေသခံတွေက ဒါတွေကို တာဒဆီးပေးဖို့ အကူအညီ တောင်းခံကြတာ ဖြစ်ပါတယ်။

ရေကန် ဝန်းကျင်က ဧက အတော် များများကို ခုတ်ထွင် ရှင်းလင်း နေကြလို့ ဒီရေကန်ကို မှီခိုပြီး လုပ်ကိုင် စားသောက် နေကြရသူ တွေက သူတို့ရဲ့ မြေယာတွေ ဆုံးရှုံးမယ့် အရေးနဲ့ သဘာဝ ဝန်းကျင် ပျက်စီးမှာကို စိုးရိမ် နေကြတယ်လို့ ဒေသခံတွေက ဘီဘီစီကို ပြော ပါတယ်။

ဒါ့အပြင် ဖလမ်းမြို့ကို လာတဲ့ လမ်းပေါ်က ကျေးရွာ စာသင်ကျောင်းမှာ လိုအပ်တဲ့ အကူအညီတွေ ပေးမယ်လို့လည်း ဒေါ်အောင်ဆန်း စုကြည်က ပြောခဲ့ ပါတယ်။

ချင်းပြည်နယ် ဒေသခံတွေ ကတော့ ဒေါ်အောင်ဆန်း စုကြည်ကို တွေ့ခွင့် ရပြီး သူတို့ လိုအပ်တာတွေကို ပြောပြခွင့်ရကြ သလို သူတို့ ပြည်နယ် ဖွံ့ဖြိုးရေး ကူညီမယ် ဆိုတဲ့ ကတိ တွေကြောင့် အခု ခရီးစဉ်မှာ နှစ်ဘက် ရင်းနှီးမှု ပိုရလာ ကြတယ်လို့ ဘီဘီစီ မြန်မာ သတင်းထောက်က ပြောပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ