တရုတ်ကို အမျိုးသမီး လူကုန်ကူးမှု ရှိဆဲ

  • 9 ဇန်နဝါရီ 2014
shan
Image caption တရုတ် နယ်စပ်ကို ရှမ်းပြည်က လူကုန်ခိုးသွင်း

ပြီးခဲ့တဲ့ ၂ဝ၁၃ အတွင်း မြန်မာ နိုင်ငံမှာ အရင်နှစ်တွေထက် လူကုန်ကူးမှု တွေ ကျဆင်း လာတယ် ဆိုပေမယ့် လည်း တရုတ် နိုင်ငံကို အမျိုးသမီး လူကုန်ကူး မှု ၅၅ မှုနဲ့ အများဆုံး ဖြစ်ပွား ခဲ့တယ်လို့ မြန်မာ အစိုးရက ထုတ်ပြန် ပါတယ်။

လူကုန်ကူး ခံရသူ တွေက သူတို့ကို ရောင်းချ ခဲ့သူ ပွဲစား နေရပ် လိပ်စာ အမည်တွေ အတိအကျ မသိကြ တာက ဖမ်းဆီး အရေးယူ ဖို့မှာ အခက်အခဲ ဖြစ်တယ်လို့ လူကုန်ကူးမှု တားဆီး နှိမ်နင်း ရေး ရဲတပ်ဖွဲ့က ဒုရဲမှူးကြီး ခင်မောင်လှက ပြောပါတယ်။

နယ်စပ်က ဂိတ်တွေမှာ လူကုန်ကူးမှု သတိပေး တားမြစ်ချက် မြေစိုက် ပိုစတာကြီး တွေ ထောင်ပြီး သတိပေး နေသလို လူကုန်ကူးမှု အများဆုံး ဖြစ်ပွားတဲ့ မူဆယ် လမ်းတလျှောက် က မြို့ရွာ တွေမှာ လည်း ဟောပြောပွဲနဲ့ လက်ကမ်း စာစောင်တွေ ဝေငှ ပေးနေတယ် လို့ သိရပါတယ်။

ရွှေလီမှာ မနှစ်က လာပြီး သတိုးသား ရှာဖွေရေး ကြော်ငြာ လာဝေသူ တွေကိုလည်း တရုတ် ရဲ အဖွဲ့ကို တိုင်ကြားပြီး ပိတ်ပင် နိုင်ခဲ့တယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ