ဘန်ကောက် မြန်မာ ခရီးသွား ကျဆင်း

  • 12 ဇန်နဝါရီ 2014
bangkok airport
Image caption ဘန်ကောက် လေဆိပ် အဝင်အထွက် လျော့ကျ

တနင်္လာနေ့ မှာ ဘန်ကောက်ကို သိမ်းပိုက် ဖို့ လှုပ်ရှား နေကြတဲ့ အစိုးရ ဆန့်ကျင်ရေး ဆန္ဒပြသူတွေက မြို့တော်ရဲ့ အဓိက ခုနစ် နေရာ မှာ ပိတ် ဆို့ ဆန္ဒ ပြဖို့ ရှိနေပါတယ် ။

ရန်ကုန် ဘန် ကောက် နေ့စဉ် ပြေး ဆွဲ တဲ့ မြန်မာ့ အပြည်ပြည်ဆိုင်ရာ လေကြောင်း ဈေးကွတ်မန်နေဂျာ ကတော့ မနက်ဖြန် လေ ယာဉ် ခရီးစဉ်တွေ အပါအဝင် ဘယ်လေ ကြောင်းကမှ ဖျက်သိမ်းဖို့ မ ရှိ ဘူး လို့ ပြော ပါတယ် ။

ဘန်ကောက် အတိုက်အခံ တွေ က သုဝဏ္ဏ ဘူမိ အပြည်ပြည် ဆိုင်ရာ လေဆိပ်နဲ့ လူထု ပို့ဆောင် ရေးလုပ်ငန်းတွေကို ပိတ်ဆို့မှာ မဟုတ် ဘူး လို့ ပြော ပေမယ့် လေဆိပ်သွား တဲ့လမ်း တွေ ပိတ်ဆို့ မှု ရှိနိုင် တာ ကြောင့် မြန်မာ ခရီး သွားတွေ ကတော့ ဘန် ကောက် ခရီးစဉ် ကို ရွှေ့ ထားကြပါတယ် ။

ရန်ကုန် ဘန်ကောက် လေယာဉ် ခရီးစဉ်တွေ မရပ်ပေ မယ့် ဘန်ကောက် သုဝ ဏ္ဏ ဘူမိ လေဆိပ်ကို ဝင် ထွက်နေတဲ့ အပြည် ပြည်ဆိုင်ရာ လေကြောင်းလိုင်း ၃ဝ လောက် မနက် ဖြန် လေယာဉ် ခရီးစဉ်တွေ ကို ဖျက်သိမ်းထား ပါတယ် ။

တကယ်လို့ ၂ဝ၁၁ ကလို သုဝဏ္ဏ ဘူမိ လေဆိပ် မှာ မြန်မာနိုင်ငံ သားတွေ ပိတ် မိ သောင်တင် နေရင် ဒွန်မောင်းအနီး လေဆိပ်ဟောင်း ကနေ ပြန်ခေါ် ဖို့ လည်း အစီအစဉ်တွေ လုပ် ထား တယ်လို့ မြန်မာ့ အပြည်ပြည်ဆိုင်ရာ လေကြောင်း က ပြောပါတယ် ။

ရန်ကုန် - ဘန် ကောက် တရက်ကို အသွားအပြန် ၁၈ ခေါက် လောက် လေကြောင်းလိုင်း ၅ လိုင်း လောက် က ပြေးဆွဲနေ ကြတာ ဖြစ် ပါတယ် ။

ဒီသတင်းနဲ့ပတ်သက်သမျှ