မြန်မာ နိုင်ငံ သုတေသန အသင်း ပြန်ဖွဲ့မယ်

  • 12 ဇန်နဝါရီ 2014
jbrs
Image caption သုတေသန အသင်း ဂျာနယ် ပြန်ထုတ်မယ်

၁၉၈ဝ ထဲက ရပ်ဆိုင်း ခံထားရတဲ့ သုတေသန အသင်း ပြန်လည် ထူထောင် တော့မယ်လို့ စီးပွားရေး ပညာရှင် ပါမောက္ခ ဒေါက်တာ အောင်ထွန်းသက်က ပြောဆိုပါတယ်။

အသင်း ပြန်ပြီး ဖြစ်မြောက်ရေး စိုက်လိုက်မတ်တတ် ကြိုးပမ်း ခဲ့ကြတဲ့ ဦးသန်းဦးနဲ့ တခြား ပညာရှင် လူကြီးတွေရဲ့ စီစဉ်မှုနဲ့ အသင်း ဖြစ်မြောက်ရေး ကိစ္စ အစိုးရ ပိုင်းက ခွင့်ပြု လိုက်ပြီ ဖြစ်လို့ မှတ်ပုံတင် ထားတယ်လို့ သိရပါတယ်။

အသင်း ပြန်လည် ဖွဲ့စည်းပြီး တဲ့နောက် သုတေသန ဂျာနယ်နဲ့ စာစဉ်တွေ ပြန်လည် ထုတ်ဝေမယ်၊ လူငယ် ပညာရှင် တွေကို ပျိုးထောင် ပေးသွားမယ်လို့ ဒေါက်တာ အောင်ထွန်းသက်က ဆိုပါတယ်။

မြန်မာ နိုင်ငံ သုတေသန အသင်းကို ၁၉၁ဝ က ရန်ကုန်မှာ တည်ထောင် ခဲ့တာ ဖြစ်ပြီး မြန်မာမှု လေ့လာရေး နယ်ပယ်မှာ ထင်ရှားတဲ့ ပညာရှင် တွေနဲ့ ဖွဲ့စည်း လှုပ်ရှား ခဲ့တာ ဖြစ်ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ