အိမ်ရာမြေ ရောင်းဝယ်ရေး အစိုးရ သတိပေး

  • 13 ဇန်နဝါရီ 2014
yangon
Image caption အိမ်ဈေး ကျဆင်းရေး အစိုးရ ထိန်းချုပ်လို

မြန်မာ နိုင်ငံက အိမ်ရာမြေ ရောင်းဝယ်ရေး တွေမှာ ပိုင်ရေး ပိုင်ခွင့် ခိုင်မြဲစေဖို့ ကတိစာချုပ်၊ ဂျင်နရယ် ပါဝါ စပယ်ရှယ် ပါဝါတွေ တွေနဲ့ လွှဲပြောင်း ရောင်းဝယ်မှု တွေက ပေါ်ပေါက်တဲ့ အမှုအခင်းတွေကို ကိုင်တွယ် ဖြေရှင်း ပေးမှာ မဟုတ်ဘူးလို့ အစိုးရက နှိုးဆော် ခဲ့ပါတယ်။

မြန်မာ နိုင်ငံမှာ ဒီလို လွှဲပြောင်း ရောင်းဝယ်မှုတွေ ပေါ်ပေါက်နေတာ နှစ်အတော်ကြာခဲ့ပြီ ဖြစ်ပြီး မြေရာ လက်လွှဲ ရောင်းချ သူတွေက လုပ်လေ့ရှိတယ်လို့ အခွန် အရာရှိဟောင်းနဲ့ စီးပွားရေး ဆောင်းပါးတွေ ရေးနေတဲ့ ဦးဟန်ထွန်း (အခွန်) က ပြောပါတယ်။

ဒီနှိုးဆော်ချက်က အစိုးရကို အခွန် စည်းကြပ်မှု ပိုမို များပြား ရရှိ စေဖို့ ရည်ရွယ်တာလို့ လည်း ဦးဟန်ထွန်းက ယူဆ ပါတယ်။

ဦးဟန်ထွန်းလိုပဲ ရန်ကုန်က မြေအိမ် အရောင်းအဝယ် လုပ်ကိုင်သူ တွေ ကလည်း ရှုမြင်ကြ ပါတယ်။

ရန်ကုန်က မြေအိမ် အရောင်းအဝယ် လုပ်ကိုင် နေသူ တဦးက ဒီလို နှိုးဆော်ချက်တွေကြောင့် အခွန်နဲ့ မြေဈေးကွက် ထိန်းချုပ်ရေးမှာ ထိရောက်မှု သိပ်မရှိ နိုင်ဘူးလို့ ပြောပါတယ်။ အခွန်ရှောင်လိုသူ တွေက ဒီနည်းတွေနဲ့ မရရင် တခြား နည်းတွေ ရှာဖွေ လွှဲပြောင်း အသုံးပြု လာနိုင်ကြောင်း သူတို့က ယူဆကြပါတယ်။

မြေဈေးကွက်မှာ ခုလို ပါဝါတွေ တွေနဲ့ လွှဲပြောင်း ရောင်းဝယ်မှု တွေက ခန့်မှန်းခြေ အရ ၇ဝ ရာခိုင်နှုန်းလောက်ထိ ရှိနေပြီး ပြဿနာ ကြီးကြီးမားမား မဖြစ်ခဲ့ဘူးလို့ မြေအိမ် အရောင်းအဝယ် လုပ်ကိုင် နေသူ တဦးက ဆိုပါတယ်။

လောလောဆယ် မှာတော့ ခုလို နှိုးဆော်တာတွေ ရှိနေပေမယ့် အစိုးရရဲ့ မြေခွန် စည်းကြပ်မှု ကြီးမြင့်မှုတွေ ဖြစ်ပေါ် နေတာနဲ့ မြေဈေးနှုန်း စံသတ်မှတ်ချက် တချို့ မြင့်မား နေတာ ကြောင့် စပယ်ရှယ် ပါဝါတွေ တွေနဲ့ လွှဲပြောင်း ရောင်းဝယ်မှု တွေကို ထိန်းချုပ်ဖို့ ခက်ခဲ နေနိုင်ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ