သူတပါးအရေး ဝင်မစွက်တဲ့မူကိုပဲ မြန်မာ ဆက်စွဲကိုင်

  • 16 ဇန်နဝါရီ 2014
ဓာတ်ပုံ မူပိုင် AFP
Image caption အာဆီယံ အစည်းအဝေး ပုဂံမှာ ပထမဆုံး ကျင်းပ

မြန်မာနိုင်ငံ အနေနဲ အာဆီယံ ဥက္ကဋ္ဌ အဖြစ် တာဝန်ယူတဲ့ အချိန်မှာ ဘာတွေ လုပ်မယ် ဆိုတာကို အစိုးရဘက်က ထုတ်ပြောလိုက်ပါတယ်။

မြန်မာနိုင်ငံ အနေနဲ့ သူတပါး နိုင်ငံအရေးကို ဝင်ရောက် မစွက်ဖက်ရေးမူကို ဆက်လက် စွဲကိုင် ထားတယ်လို့ မြန်မာ အစိုးရ ပြောရေး ဆိုခွင့် ရှိသူ ဦးရဲထွဋ်က ပြောပါတယ်။

ဒါပေမမယ့် တောင်တရုတ် ပင်လယ် အရေးမှာတော့ ပတ်သက်မှု ရှိနေတဲ့ ဒေသတွင်း နိုင်ငံတချို့နဲ့ တရုတ် နိုင်ငံကြား သဘော တူညီမှု တစ်ခု ရအောင် လုပ်မယ်လို့ ပြောပါတယ်။

တကယ်တမ်းမှာတော့ မြန်မာနိုင်ငံဟာ စီးပွားရေးရော နိုင်ငံရေးအရပါ ပတ်သတ်မှုတွေ များခဲ့တဲ့ တရုတ်နိုင်ငံကို ထောက်ထားစရာတွေ အများကြီး ရှိပါတယ်။ အခု နေပြည်တော်မှာ ထိပ်သီးဆွေးနွေး ပွဲကျင်းမယ့် နေရာကိုတောင် တရုတ်အကူညီနဲ့ ဆောက်ထားတာပါ။

တဘက်က အာဆီယံကလည်း မြန်မာကို နိုင်ငံတကာ အလယ်မှာ နှစ်ပေါင်းများစွာ အကာကွယ် ပေးလာတဲ့သူ ဖြစ်ပါတယ်။

ဒါအပြင် မြန်မာရဲ့ အာဆီယံ ဆောင်ပုဒ်မှာအတိုင်း ငြိမ်းချမ်းပြီး သာယာစည်ပင်တဲ့ အဖွဲကြီး ဖြစ်လာဖို့ ဆိုတာကလည်း ပြီတွင်းမှာ ပဋိပက္ခတွေ ရှိနေဆဲ ဖြစ်ပါတယ်။ တစ်နိုင်ငံလုံး အပစ်ရပ်ရေး အတွက်လည်း လက်မှတ် မထိုးနိုင်သေးပါဘူး။

ရိုဟင်ဂျာ အရေးမှာ မြန်မာ ဘက်က ရပ်တည်ချက် ပြောင်းမှာ မဟုတ်ကြောင်းနဲ့ ထိုင်းနိုင်ငံနဲ့ ကမ္ဘာဒီးယား နိုင်ငံတို့ အရေးဟာလည်း သူတို့ ပြည်တွင်းရေး ဖြစ်တာကြောင့် မြန်မာ အနေနဲ့ ဝင်စွက်ဖို့ မရှိဘူးလို့ ဦးရဲထွဋ်က ဆိုပါတယ်။

၁၉၉၇ ခုနှစ်က အဖွဲ့ဝင် ဖြစ်လာတဲ့ မြန်မာ နိုင်ငံဟာ ၂၀၁၄ မှာ ဥက္ကဋ္ဌ အဖြစ် တာဝန်ယူပြီးတော့ ဒေသတွင်း အစည်းအဝေးပေါင်း ၃၀၀ ကျော်ကို ဒီနှစ်ထဲမှာ လက်ခံ ကျင်းပဖို့ ရှိပါတယ်။

မြန်မာနိုင်ငံ အနေနဲ့ နိုင်ငံတကာကို ဦးဆောင်လာတဲ့ အချိန်မှာ နိုင်ငံအတွင်း အရေး ကိစ္စတွေ ရှိနေတာဖြစ်လို့ ဥက္ကဋ္ဌ တာဝန် ယူနိုင်ပါ့မလား ဆိုပြီး သုံးသပ်မှုတွေလည်း ရှိပါတယ်။ ဒါပေမယ့် မြန်မာနိုင်ငံခြားရေး ဝန်ကြီး ဦးဝဏ္ဏမောင်လွင်က မြန်မာအနေနဲ လုပ်နိုင်ပါတယ်လို့ ဒီနေ့ ညနေ သတင်းစာရှင်းလင်းပွဲမှာ သတင်းထောက်တွေကို ပြောခဲပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ