မီးပုံပျံကွင်းမှာ ဒေါ်စုကို ဟောမိန့်မပေး

  • 26 ဇန်နဝါရီ 2014
ဓာတ်ပုံ မူပိုင် AFP
Image caption အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်

ဒေါ်အောင်ဆန်းစုကြည် တောင်ကြီးမြို့ အဝေရာ မီးပုံပျံ ကွင်းမှာ လူထုနဲ့ တွေ့ဆုံ ဟောပြောဖို့ အာဏာပိုင် တွေက ခွင့်ပြုမိန့် မပေးလို့ ကပ်ရက် လမ်းကြား မှာပဲ ဟောပြော ခဲ့ရပါတယ်။

နောက်ဆုံး အချိန်ထိ အဆင်မပြေတဲ့ အတွက် အဲဒီ မီးပုံးပျံ ကွင်း ရဲ့ ကပ်ရက် လမ်းကြားလေး ထဲမှာ ပဲ လူတွေ ကျပ်ကျပ်သိပ်သိပ် နဲ့ လုပ်လိုက်ရတယ် လို့ မြို့ခံတွေက ဘီဘီစီ ကို ပြောပါတယ် ။

ဒီမီးပုံးပျံ ကွင်းမှာ ဒေါ်အောင်ဆန်း စုကြည် ဟောပြောပွဲ လုပ်မှာ ကို ခွင့်ပြုချက် တောင်းပေမယ့် စစ်တပ် က ခွင့်ပြုချက် မပေးဘူးလို့ ဆိုပါတယ်။ စစ်တပ်ပိုင်မြေ ဆိုတာလည်း မြို့ခံ တွေ ကအခုမှ ပဲ သိကြရတယ် ။

ဟောပြောပွဲ လုံခြုံရေး လမ်းကြောင်း ရှင်းလင်းရေး အတွက် လည်း သက်ဆိုင်ရာ အာဏာပိုင် တွေ က ကူညီ တာ မတွေ့ ကြောင်း သိရပါတယ်။

ဒေါ်အောင်ဆန်းစုကြည် နေပြည်တော် ကို လေယာဉ် နဲ့ ပြန် ထွက်ခွာ သွားပြီ ဖြစ်ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ