တပ်က လက်ခံအောင် ဖွဲ့စည်းပုံ ပြင်ဆင်ရေး

  • 20 ဇန်နဝါရီ 2014
constitution ဓာတ်ပုံ မူပိုင် AP
Image caption ပုဒ်မ ၅၉ (စ) ပြင်ဆင်ရေး ဆန္ဒပြ

အခြေခံ ဥပဒေ ပြင်ဆင်ရေးနဲ့ ပတ်သက်ပြီး ပြောဆို ကြရာမှာ သမ္မတ အရည်အချင်း သတ်မှတ်ချက် ပုဒ်မ တွေထဲက ၅၉ (စ) ကို အဓိက ထား ပြောဆို နေကြပါတယ်။

တကယ်ပဲ ဒီပုဒ်မကို ပြင်ဆင်ပေးခဲ့ရင် တောင် ပုဒ်မ ၆ဝ က လူထု လိုလားတဲ့ သမ္မတ တယောက် တက်လာရေးမှာ အတားအဆီး ဖြစ်နိုင်တယ်လို့ ရန်ကုန် မြို့က သတင်းစာ ဆရာ ကို စည်သူ အောင်မြင့်က ဆိုပါတယ်။

လူထု တင်မြှောက်တဲ့ လွှတ်တော် ကိုယ်စားလှယ် တွေကပဲ သမ္မတကို ရွေးကောက်ခွင့် ပေးပြီး တပ်က မစွက်ဖက်ဘူး ဆိုရင် ၂ ဘက်လုံးက လက်ခံ လာစရာ ရှိတယ်လို့ သူက ပြောပါတယ်။

ဒါကြောင့် ပုဒ်မ ၆ဝ ကို အနည်းငယ် ပြင်ဆင်ပြီး တပ် ကိုယ်စားလှယ် တွေ မပါဘဲ ကျန်တဲ့ အရပ်သား လွှတ်တော် ကိုယ်စားလှယ် တွေကပဲ သမ္မတလို နိုင်ငံ အထွတ် အထိပ် ရာထူးကို ရွေးကောက်ခွင့် ပေးမယ် ဆိုရင် ကျန်တဲ့ တပ်က ရယူ ထားတဲ့ လုပ်ပိုင်ခွင့် တွေကို မထိပါးဘဲ ညှိနှိုင်းမှု ယူသင့် ကြောင်း ကို စည်သူ အောင်မြင့်က ပြောကြား ပါတယ်။

တပ်က ဒီကမ်းလှမ်းချက် မျိုးကို လက်ခံ လာအောင် အတိုက်အခံ ဘက်က စွဲစွဲ မြဲမြဲ တောင်းဆိုဖို့ လိုပြီး ဒီလို ပြင်ဆင်နိုင် မှလည်း လူထု လိုလားတဲ့ သမ္မတ တွေ အာဏာ ရယူ နိုင်မယ်လို့ သုံးသပ် ပြောဆို သွားပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ