မြန်မာနိုင်ငံကကျောက်စိမ်း တင်ပို့မှု ၂၀ ရာခိုင်နှုန်း လောက် တရားမ၀င်

  • 22 ဇန်နဝါရီ 2014
burma jade
Image caption မြန်မာ့ ကျောက်စိမ်း

မြန်မာနိုင်ငံ ကနေ တရုတ်နိုင်ငံကို အဓိကတင် ပို့နေတဲ့ ကျောက်စိမ်း တင်ပို့မှု ရဲ့ ၂၀ ရာခိုင်နှုန်း လောက်ဟာ တရားမဝင် တင်ပို့မှု ဖြစ်တယ် လို့ မြန်မာနိုင်ငံ ကျောက်မျက်ရတနာနဲ့ကျောက်စိမ်း ကုန်သည်များအသင်း အတွင်းရေးမှုးက ပြောကြား လိုက်ပါတယ်။

ဒါ့အပြင် မြန်မာနိုင်ငံက ကျောက်စိမ်း ထုတ်လုပ် ရောင်းချတဲ့ ကုမ္မဏီ အချို့ဟာ အခွန် ကင်းလွတ် ခွင့်တွေ ရှိနေဆဲ ဖြစ်တယ် လို့လည်း အသင်း ကပြောပါတယ်။

မနှစ်က တရားဝင် ကျောက်စိမ်း တင်ပို့မှု ကနေ ဒေါ် လာ ၂ ဘီလျံ နီးပါးရ ခဲ့တာဆိုတော့ တရားမဝင် တင်ပို့တဲ့ ပမာဏဟာ အမေရိကန်ဒေါ် လာ သန်း ၄၀ဝ လောက်ရှိ တယ်လို့ ပြောရမှာပါ။

အစိုးရက ကျောက်စိမ်း တင်ပို့ရင် ၁၀ ရာခိုင်နှုန်း ကောက်တာ ဖြစ်လို့ အခွန် ရှောင်ကြတာလည်း ပါသလို တရားမဝင် တင်ပို့ မှုတွေ ဘက်မှာတော့ အရင်ကထက် နည်းလာတယ်လို့ ခန့်မှန်း ရပေမဲ့ အခုထိ ရှိနေတုံး ပဲလို့ ပြောပါတယ်။ ကျောက်စိမ်းဟာ ကမ္ဘာပေါ် မှာ မြန်မာနိုင်ငံ အပါဝင် ၃ နေရာ မှာပဲ တွေ့ရပြီးတော့ မြန်မာနိုင်ငံ ကထွက်သမျှ ကျောက်စိမ်း တွေကိုဝယ် နေတာ ကတော့ တရုတ် ဖြစ်ပါတယ်။

ကျောက်မျက်လုပ်ငန်း လုပ်ကိုင်ကြတဲ့ အချို့ ကုမ္မဏီ တွေကတော့ အခွန်မပေးဘဲ တင်ပို့ ခွင့် ရနေတာပါ တွက်ရင် ကျောက်စိမ်း တရားမဝင် တင်ပို့ မှု ဟာ ဒီထက် များနိုင် တယ်လို့ မှန်းကြပါတယ်။ အစိုးရ ဘက်ကတော့ ကျောက်စိမ်းကို တရားဝင် တင်ပို့ မှု ရှိအောင်လုပ် နေတယ်လို့ အသင်းကပြော ပါတယ်။ ကျောက်စိမ်း ထွက်တဲ့ ကချင် ပြည်နယ် ဘက်မှာ ထုတ်လုပ်မှု လုပ်နေတဲ့ အဓိက ကုမ္မဏီတွေ ထဲမှာ မြန်မာ့စီးပွားရေး ဦးပိုင် လီမိတက် အပါဝင် အစိုးရ နဲ့ နီးစပ်တဲ့ ကုမ္ပဏီတွေ ပါဝင် ကြပြီး တော့ ငြိမ်းချမ်းရေး ယူထား တဲ့ ကိုးကန့်၊ ပလောင်၊ ပအို့ဝ် စတဲ့ လက်နက်ကိုင်အဖွဲ တွေ့လည်း ထုတ်လုပ် နေကြပါတယ်။

မနှစ်က ကျောက်မျက်ပွဲ ၂ ပွဲ လုပ်ခဲ့ ပေမဲ့လည်း လုပ်ငန်းရှင်တွေ ကဝယ် ပြီး ငွေလာ မရှင်းကြလို့ အရှုံးပေါ်ခဲ့ ကြပါတယ်။

ကျောက်စိမ်းတွေ တရုပ်ကို အဓိက မှောင်ခိုထွက်နေတဲ့ လမ်းကြောင်းနှစ်ခု ဖြစ်တဲ့ ကချင် ပြည်နယ် ကနေ ရွှေလီ ဘက်ကိုဖြတ်ထွက်တဲ့ လမ်းနဲ့ မန္တ လေး မြို့ကနေ ကုန်ကားတွေ နဲ့ သွားတဲ့ လမ်း နှစ်ခု ကိုပါ တွက်ရင် တရား မဝင် တင်ပို့ မှုတွေ ဟာ ပြည်ပ တင်ပို့မှုရဲ့ ၅၀ ရာခိုင်နှုန်း လောက်ထိ ရှိနိုင်တယ်လို့ ကချင် ဒေသခံ တွေကပြောပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ