တစ်နိုင်ငံလုံး အပစ်ရပ်ရေး သဘောတူ

  • 24 ဇန်နဝါရီ 2014
Laiza
လိုင်ဇာ ဆွေးနွေးပွဲတုန်းက တွေ့ရတဲ့ တိုင်းရင်းသားများ

ကေအန်ယူ နယ်မြေ လော်ခီးလာမှာ ကျင်းပတဲ့ တစ်နိုင်ငံလုံး အပစ် အခတ်စဲရေး ဆိုင်ရာ တိုင်းရင်းသား လက်နက်ကိုင် များရဲ့ ညှိနှိုင်း ဆွေးနွေးပွဲ သောကြာနေ့က ပြီးဆုံး သွားပါပြီ။

တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ ၁၇ ဖွဲ့ တို့ ဆွေးနွေးပြီး အချက် ၁၁ ချက် ပါတဲ့ အပြီးသတ် သဘော တူညီချက် ရရှိနိုင် ခဲ့ကြ ပါတယ်။

တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ အပစ် အခတ်ရပ်စဲရေး လက်မှတ်ရေးထိုးမှုကနေ နိုင်ငံရေး ဆွေးနွေးပွဲ အဆင့် အထိ သွားဖို့ အားလုံး သဘော တူခဲ့ကြတာပါ။

ဒါ့အပြင် ဆွေးနွေးတဲ့ အချက်တွေထဲမှာ ဖက်ဒရယ် ပြည်ထောင်စု တပ်မတော် ကိစ္စကိုလည်း အကြိတ် အနယ် ဆွေးနွေး ခဲ့ရတယ်လို့ ဆွေးနွေးပွဲကို သွားရောက် သတင်း ယူတဲ့ ဘီဘီစီ သတင်းထောက် က ပြောပါတယ်။

ဒါကြောင့် မူလက ၃ ရက် ပြုလုပ်ဖို့ ရည်မှန်းထားတဲ့ ဆွေးနွေးပွဲက ၅ ရက် အထိ ကြာသွားခဲ့ ရတယ်လို့ သူက ပြောပါတယ်။

ဆွေးနွေးပွဲ တက်ရောက်တဲ့ အဖွဲ့တွေ ထဲက RCSS/SSA ရှမ်းပြည် တောင်ပိုင်း အဖွဲ့က ကြာသပတေးနေ့ မနက်က ပြန်သွားတဲ့ အတွက် စနေနေ့ မှာ လုပ်မယ့် လက်မှတ် ရေးထိုးပွဲကို တိုင်းရင်းသား ၁၆ ဖွဲ့ကပဲ ပါဝင် ရေးထိုးမှာ ဖြစ်ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ