ကုလ ငြိမ်းချမ်းရေးထိန်း တပ်ဖွဲ့မှာ မြန်မာ ပါတော့မယ်

  • 27 ဇန်နဝါရီ 2014
Britain gives training to Burma Army
Image caption ဦးသိန်းစိန် အစိုးရ လက်ထက်မှာ မြန်မာ စစ်တပ်နဲ့ နိုင်ငံတကာ ဆက်သွယ်မှု ပိုများလာ

မြန်မာ့ တပ်မတော်ကို ကုလ သမဂ္ဂ ငြိမ်းချမ်းရေး တပ်ဖွဲ့မှာ ပါဝင်ဖို့ ကုလ သမဂ္ဂက ဖိတ်ခေါ်တာကို မြန်မာ ဘက်က လက်ခံ လိုက်တယ်လို့ သိရပါတယ်။

ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရဲ့ မြန်မာ နိုင်ငံဆိုင်ရာ အကြံပေး ပုဂ္ဂိုလ် ဗီဂျေးနမ်ဘီးယားနဲ့ ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တို့ တွေ့ဆုံစဉ် သူက ကမ်းလှမ်းတာလို့ အစိုးရ အရာရှိကြီးတွေက ပြောပါတယ်။

အရင် တုန်းကတော့ ကုလသမဂ္ဂ ငြိမ်းချမ်းရေး တပ်ဖွဲ့မှာ မြန်မာ့ တပ်မတော် က ပါဝင်ခဲ့ဘူးတယ်လို့ ကာကွယ်ရေး ဝန်ကြီးဌာန အရာရှိ တစ်ယောက်က ပြောပါတယ်။

အခု နောက်ပိုင်းမှာလည်း ကုလ သမဂ္ဂငြိမ်းချမ်းရေးတပ်ဖွဲ့နဲ့ မြန်မာ့တပ်မတော်တို့ က ဆက်သွယ် မှုတွေရှိခဲ့တဲ့အကြောင်း သမ္မတရုံး ညွှန်ကြားရေးမှူး ဦးဇော်ဌေးက ပြောပါတယ်။

ကုလသမဂ္ဂ ငြိမ်းချမ်းရေး ထိန်းသိမ်းရေး တပ်ဖွဲ့ဝင် အဖြစ် မြန်မာ နိုင်ငံ ပါဝင်နိုင်ခြင်း အားဖြင့် တပ်မတော် ပြုပြင် ပြောင်းလဲရေး အတွက် အထောက် အကူ ဖြစ်စေ နိုင်တယ်လို့ ဦးဇော်ဌေးက ပြောပါတယ်။

Cobra Gold လို့ ခေါ်တဲ့ ထိုင်းနိုင်ငံမှာ ပြုလုပ်တဲ့ အမေရိကန် တို့ရဲ့ စစ်ရေး လေ့ကျင့်မှုမှာ မြန်မာ နိုင်ငံ လေ့လာသူအဖြစ် တက်ရောက်ခွင့် ရခဲ့တဲ့ အခါ တပ်မတော် ခေါင်းဆောင်တွေရဲ့ စိတ်ကူးသဘောထားတွေ ပြောင်းလဲ လာတာ တွေ့ခဲ့ရတယ်လို့ သူက ဥပမာပေး ပြော ပါတယ်။

ဒါ့အပြင် ဒေသတွင်းရေးရာကိစ္စတွေမှာ မြန်မာ နိုင်ငံ ပါဝင် ဆောင်ရွက်တဲ့ အခါမှာလည်း အကျိုး သက်ရောက်မှု အများကြီး ရှိနိုင်တယ်လို့ ဦးဇော်ဌေးက ပြောပါတယ်။

လောလောဆယ်မှာ ကုလသမဂ္ဂရဲ့ ဖိတ်ခေါ်ချက်ကို မြန်မာ နိုင်ငံဘက်က လက်ခံထားတဲ့ အဆင့်မှာပဲ ရှိနေပြီး နောက်ထပ် အသေးစိတ်ကိုတော့ နှစ်ဘက်စလုံးက ထုတ်ဖော် ပြောဆိုခြင်း မရှိသေးပါဘူး။

ဒီသတင်းနဲ့ပတ်သက်သမျှ