ဧရာဝတီတိုင်းက ရေတွေမှာ အာဆင်းနစ်ဓာတ် များနေ

  • 29 ဇန်နဝါရီ 2014
Image caption ဧရာဝတီမြစ်နဲ့ နီးတဲ့ သူတွေ ကတော့ မြစ်ရေကို အားကိုး ကြရပါတယ်

ဧရာဝတီတိုင်း ကျောင်းကုန်း မြို့နဲ့ အနီးတဝိုက် ရေတွင်း ရေကန် အတော် များများက ရေထဲမှာ ကျန်းမာရေးကို ထိခိုက် စေတဲ့ အာဆင်းနစ် ဓါတ် ပါဝင်နှုန်း မြင့်မား နေတယ်လို့ ဒေသခံ တွေက ပြောဆို နေကြပြီး၊ ဒီအတွက် စိုးရိမ် မှုတွေ ရှိနေကြ ပါတယ်။

ကျောင်းကုန်း မြို့နယ် အုပ်ချုပ်ရေးမှူး ရုံးက အငြိမ်းစား ဝန်ထမ်းဟောင်း တစ်ဦး ဖြစ်တဲ့ ဦးအောင်စိုး ကတော့ သောက်သုံး ရေကြောင့် အာဆင်းနစ် သင့်ပြီး ဆေးရုံ ဆေးခန်း ရောက်တဲ့ လူနာတွေကို တွေ့ဖူး တယ်လို့ ပြောပါတယ်။

အာဆင်းနစ် ဓာတ်များ နေတဲ့ ရေကို နှစ်ရှည် လများ သောက်သုံးမယ် ဆိုရင် လူ့ ကျန်းမာရေးကို ထိခိုက် နိုင်မှာ ဖြစ်တယ်လို့ ကျန်းမာရေး ဝန်ကြီးဌာန အငြိမ်းစား ဒုတိယ ညွှန်ကြားရေးမှူးဟောင်း ဒေါက်တာ သန်းထွဋ်က ပြောပါတယ်။

၂၀၁၀တုန်း ကတော့ ကျန်းမာရေး ဝန်ကြီးဌာန နဲ့ ယူနီဆက်ဖ် အဖွဲ့တွေ ပူးပေါင်းပြီး ကျောင်းကုန်း မြို့နယ် အပါ အဝင် ဧရာဝတီ တိုင်း ဒေသကြီးမှာ ရှိတဲ့ မြို့ရွာ တွေရဲ့ ရေတွင်း ရေကန် တွေမှာ အာဆင်းနစ် ပါဝင်နှုန်း ရှိသလား ဆိုတာကို သွားရောက် စစ်ဆေး ခဲ့ဖူး ပါတယ်။

ဒီအဖွဲ့မှာ ပါဝင် ခဲ့တဲ့ ဒေါက်တာ သန်းထွဋ် ကတော့ အဲဒီ အချိန်တုန်းက ဒေသခံ တွေကို အာဆင်းနစ် များတဲ့ ရေတွင်း ရေကန် တွေက ရေတွေကို ဘယ်လို သုံးစွဲ ရမလဲ ဆိုတာကို ရှင်းပြခဲ့ပြီး ဖြစ်တယ်လို့ ပြောပါတယ်။

ဒါပေမယ့် ဒေသခံ တွေဟာ အာဆင်းနစ် များတဲ့ ဒီရေတွေကို မသောက် ပေမယ့် ဟင်းချက်တာနဲ့ ရေနွေးကျို ရာမှာ သုံးတာကြောင့် သူတို့ရဲ့ ညွှန်ကြားချက် တွေက ထိရောက်မှု သိပ် မရှိခဲ့ဘူး လို့ ဆိုပါတယ်။

ဒေသခံတွေ ဘက်ကတော့ ပေ (၂၀၀) (၃၀၀)ကျော် နက်တဲ့ ရေတွင်း ရေကန် တွေကို ကျောင်းကုန်း မြို့မှာ များများ တူးဖော် ပေးဖို့ လိုတယ်လို့ ပြောပါတယ်။

တဆက်တည်း မှာဘဲ ဧရာဝတီတိုင်း ဒေသကြီးမှာ ရှိတဲ့ တခြား မြို့နယ်တွေ ကလည်း သူတို့ ဒေသမှာ ရှိတဲ့ ရေတွင်း ရေကန် တွေမှာ အာဆင်းနစ် ပါဝင်နှုန်း မြင့်မား နေသလား ဆိုတာကို စစ်ဆေး ပေးဖို့ လိုလား နေကြ ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ