ပြည်ပ ကုမ္ပဏီ ၂ ခုကို မြန်မာ့ ဆက်သွယ်ရေးက လိုင်စင် ထုတ်ပေး

  • 30 ဇန်နဝါရီ 2014
ဓာတ်ပုံ မူပိုင် Getty
Image caption လမယ့် ၆ လ၊ ၈ လ အတွင်း ဖုန်းကတ်တွေ စရောင်းမယ်

မြန်မာ အစိုးရက ထိန်းချုပ်ထားတဲ့ ဆက်သွယ်ရေးနဲ့ မိုဘိုင်း လုပ်ငန်း လုပ်ကိုင်ခွင့် လိုင်စင်ကို ပြည်ပ ကုမ္ပဏီ ၂ ခုကို တရားဝင် ထုတ်ပေး လိုက်ပါတယ်။

အစိုးရဘက်က တယ်လီဖုန်း ဆက်သွယ်ရေး လုပ်ငန်းဆိုင်ရာ စည်းမျဉ်း စည်းကမ်းတွေ အပြီးသတ် ရေးဆွဲနေရတဲ့ အတွက် တရားဝင် ချပေးဖို့ နှောင့်နှေး ကြန့်ကြာ ခဲ့အပြီး ကာတာ နိုင်ငံက အူရီဒူး ကုမ္ပဏီနဲ့ နော်ဝေ နိုင်ငံ အခြေစိုက် တယ်လီနော ကုမ္ပဏီတို့ကို ဇန်နဝါရီလ ၃၀ ရက်နေ့က လိုင်စင် ထုတ်ပေးလိုက်တာပါ။

လိုင်စင်တွေက ဖေဖော်ဝါရီလ ၅ ရက်နေ့မှာ စတင် အကျိုးသက်ရောက်မှာ ဖြစ်ပြီး ကုမ္ပဏီ နှစ်ခုကလည်း လာမယ့် ၆ လနဲ့ ၈ လ အတွင်း ဖုန်းကတ်တွေ စတင် ရောင်းချမှာ ဖြစ်ပါတယ်။

နေပြည် တော် မှာ မြန်မာဆက်သွယ် ရေး နဲ လက် မှတ်ထိုးလိုက်တဲ့ ကုမ္မဏီနှစ် ခုအနက် တစ်ခု ဖြစ်တဲ့ အော်ရီး ဒူးကုမ္ပဏီက လာမယ့် သြဂုတ် လ ၅ ရက်နေ့ နောက်ဆုံးထားပြီး မြန်မာနိုင်ငံ အတွင်းမှာ တယ်လီဖုန်း ဆင်းကဒ်တွေကို ၅၀၀ ကျပ်နဲ့ စတင် ရောင်းရမှာ ဖြစ်ပါတယ်။

လာမယ့် ၆ လအတွင်း မြန်မာနိုင်ငံ မှာ လိုအပ်တဲ့ တာဝါတိုင် ဆောက်တာ အပါဝင် လိုအပ်တဲ့ အဆောက်အုံ တွေကို တည်ဆောက် သွားမယ်လို့ အော်ရီးဒူးက လူထု ဆက်ဆံရေး အရာရှိက ဘီဘီစီ ကို ပြောပါတယ်။

နော်ဝေအခြေစိုက် တယ်လီနော ကလည်း လိုင်စင် ကြေးအတွက် ဒေါ် လာ သန်း ၁၅၀ ပေး ခဲ့ရ ပါတယ်။ သူကတော့ ၈ လအတွင်း လုပ်ငန်းတွေ စဖို့ ရှိတယ်လို့ ပြောပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ