ကရင့်တော်လှန်ရေးနေ့ အခမ်းအနား အထူးစည်းကား

  • 31 ဇန်နဝါရီ 2014
ဓာတ်ပုံ မူပိုင် knu
Image caption ကေအန်အယ်လ်အေ စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး စောဂျော်နီ မိန့်ခွန်းပြော

ကရင် အမျိုးသား အစည်းအရုံး ကေအန်ယူ ရဲ့ ၆၅ နှစ်မြောက် ကရင့် တော်လှန်ရေးနေ့ အခမ်း အနားကို ကေအန်ယူ မဟာ ၇ ဌာနချုပ်မှာ ကျင်းပခဲ့ ပါတယ်။

ကရင် ပြည်နယ် လှိုင်းဘွဲ့ မြို့နယ်ထဲ က၊ ကလိုးယော့လေး စခန်းမှာ ကျင်းပတဲ့ အခုနှစ် ကရင့် တော်လှန်ရေးနေ့ အခမ်း အနားဟာ အရင်နှစ်တွေ ထက် ထူးခြား စည်ကား တာကို တွေ့ရပါတယ်။

ဒီပွဲမှာ မြန်မာဘက် အခြမ်းက ကရင် လူမျိုးတွေတင် မကပဲ၊ ထိုင်းဘက် အခြမ်းက၊ ကရင် လူမျိုးတွေ၊ နိုင်ငံရပ်ခြားက လာတဲ့ ကရင် လူမျိုးတွေနဲ့ စင်ကာပူ နိုင်ငံ သားတွေ ကိုပါ တွေ့ရတာ ကတော့ အတော့်ကို ထူးခြားလှ ပါတယ်။

ဒီပွဲကို ကဗျာဘွဲ့မှူး အစရှိတဲ့ ပြည်တွင်းက အဆိုတော် တွေရဲ့ စတိတ်ရှိုး၊ ဘီဂျီအက်ဖ် တပ်မှူး ဗိုလ်မှူးဝင်းနိုင်စိန် တည်ထောင် ထားတဲ့ ဇာတ်ပွဲပါ ပါတဲ့ အတွက် စတိတ်ရှိုးတို့ ဇာတ်ပွဲတို့ ငတ်နေတဲ့ ဒေသခံ ကရင် လူထု အတွက် ပွဲကြီး ပွဲကောင်း လို့ ဆိုရမှာပါ။

စစ်ရေးပြ ကွင်းထဲမှာ နေရာယူ ထားတဲ့ ကေအန်အယ်လ်အေ စစ်ကြောင်းတွေ ဟာ၊ သူတို့ရဲ့ စစ်ဦးစီးချုပ်ကို အလေးပြု ပြီးတဲ့ နောက်၊ ကေအန်ယူ ဥက္ကဌနဲ့ စစ် ဦးစီးချုပ် ဗိုလ်ချုပ်ကြီး စောဂျော်နီ တို့က မိန့်ခွန်းတွေ အသီးသီး ပြောကြပါတယ်။

ဗိုလ်ချုပ်ကြီး စောဂျော်နီက အခု ကေအန်ယူက အပစ် အခတ် ရပ်စဲရေး ဆွေးနွေး နေတာဟာ၊ လက်နက် ချတာ မဟုတ်ပဲ၊ ရေရှည် တည်တံ့မ ယ့် ငြိမ်းချမ်းရေး အတွက် နိုင်ငံရေး နည်းလမ်းနဲ့ ဖြေရှင်းဖို့ ကြိုးစား နေတာ လို့ ပြောပါတယ်။

ကေအန်ယူ အထွေထွေ အတွင်းရေးမှူး ဗဒိုကွယ်ထူးဝင်းက အနှစ် ၆၀ ကျော် ကြာခဲ့တဲ့ မြန်မာ နိုင်ငံထဲက လက်နက်ကိုင် ပဋိပက္ခ အဆုံးသတ် ဖို့ အတွက် လူမျိုးစု လက်နက်ကိုင် တွေနဲ့ အစိုးရကြား ကြိုးပမ်း ဆောင်ရွက်နေ ၂ နှစ် အတွင်းမှာ ခရီး အတိုင်း အတာ တခုကို ရောက်လာပြီး၊ အောင်မြင်တဲ့ အထိဆောင် ရွက် သွားမယ် လို့ ပြောသွား ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ