မန္တလေးတိုင်း ၀န်ကြီးချုပ် ပြင်ဦးလွင်အသွား မိုင်းဆွဲ တိုက်ခိုက်ခံရ

  • 31 ဇန်နဝါရီ 2014
ဓာတ်ပုံ မူပိုင် others
Image caption ယခင်က ဖြစ်ခဲ့ဖူးတဲ့ ကားဗုံးပေါက်ကွဲမှု တခုက မြင်ကွင်း

ဇန္နဝါရီ ၃၁ ရက် ညနေ ၃နာရီ၀န်းကျင်က မန္တလေးတိုင်း၀န်ကြီးချုပ် ဦးရဲမြင့်ရဲ့ယာဉ်တန်း မန္တလေးတိုင်းနဲ့ ရှမ်းပြည်နယ်အစပ် နောင်ချိုမြို့နယ်ထဲက မိုးကုတ် ပြင်ဦးလွင်သွား ကားလမ်းမှာ မိုင်းဆွဲ တိုက်ခိုက်ခံခဲ့ရပါတယ်။

ဒီခရီးစဉ်မှာ လိုက်ပါ သတင်းယူတဲ့ မန္တလေးနေ့စဉ်သတင်းစာက သတင်းထောက် ကိုမဲကြီး(ခ) မန်းကိုကို နဲ့ မန္တလေးတိုင်း သတ္တုတွင်း၀န်ကြီး ဦးသန်းစိုးမြင့်ရဲ့ ကိုယ်ရေးအရာရှိ ၁ယောက် ဒဏ်ရာ အနည်းငယ်ရရှိသွား ပါတယ်။

ထိခိုက်ဒဏ်ရာ ရသွားသူတွေဟာ အခုအခါ မန္တလေးဆေးရုံမှာ ကုနေရတဲ့အကြောင်း မန္တလေးတိုင်း သတင်းတပ်ဖွဲ့မှ အတည်ပြု ပြောကြားခဲ့ ပါတယ်။