ဒေါ်စုနဲ့ ၈၈ မျိုးဆက် တို့ နေပြည်တော်မှာ တွေ့ဆုံ

  • 4 ဖေဖော်ဝါရီ 2014
ဓာတ်ပုံ မူပိုင် 88 generation
Image caption ဆွေးနွေးပွဲ ရလဒ်ကို တော့ ရှေ့ သီတင်းပတ်ထဲမှာ ထုတ်ပြန် မယ်

ဒေါ်အောင်ဆန်း စုကြည်နဲ့ ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနဲ့ ပွင့်လင်း လူ့ အဖွဲ့ အစည်းက ခေါင်းဆောင် ၅ ယောက်တို့ နေပြည်တော်မှာ တွေ့ဆုံ ခဲ့ကြ ပါတယ်။

၈၈ ဘက်က တွေ့ဆုံတဲ့ သူတွေ ကတော့ ကိုမင်းကိုနိုင်၊ ကို ကိုကိုကြီး၊ ကိုဂျင်မီ၊ ကိုပြုံးချိုနဲ့ ကိုမြအေးတို့ ဖြစ်ကြပြီး၊ အသွင် ကူးပြောင်း ရေးမှာ အရေးကြီးတဲ့ အချိန် ဖြစ်လို့ ဒေါ်အောင်ဆန်းစုကြည်နဲ့ အခုလို တွေ့ဆုံ ဆွေးနွေး တာ ဖြစ်ကြောင်း ကိုဂျင်မီက ဘီဘီစီကို ပြောပါတယ်။

ဆွေးနွေးပွဲ ရလဒ် အတွက် ပူးတွဲ ကြေညာချက် ကိုတော့ ရှေ့ သီတင်း ပတ်ထဲမှာ ထုတ်ပြန်မယ် လို့လည်း ကိုဂျင်မီက ပြောပါတယ်။

ဒီမိုကရေစီ ရရှိရေးနဲ့ အမျိုးသား ပြန်လည်သင့်မြတ်ရေး အတွက် ဒေါ်အောင်ဆန်းစုကြည်နဲ့ ၈၈ မျိုးဆက် အကြား နီးနီး ကပ်ကပ် ပိုမို ပူးပေါင်း ဆောင်ရွက်သွား ဖို့ သဘောတူ ထားမှုတွေ ရှိထားကြောင်း သူက ပြောပါတယ်။

ဒီလို ပူပေါင်း ဆောင်ရွက်မှုကို အရှိန်မြှင့် သွားနိုင်အောင် ဆွေးနွေးတာ ဖြစ်ပြီး၊ တွေ့ဆုံမှု တွေကတော့ အမြဲ ရှိနေကြောင်း သူက ဆက်ပြောပါတယ်။

ရွေးကောက်ပွဲ ဝင် မဝင် ဆိုတာကတော့ အရင် ပြောထားပြီးသား အတိုင်း တဦးချင်းရဲ့ ဆုံးဖြတ်ချက် ဖြစ်တယ်လို့လည်း ဆိုသွားပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ