ဘူးသီးတောင်မှာ အိုင်အန်ဂျီအိုတွေကို ဆန္ဒပြ

  • 6 ဖေဖော်ဝါရီ 2014
Image caption မမှန်သတင်းတွေ ထုတ်ပြန်တာကြောင့် ဆန္ဒပြရတာလို့ ဆို

ဒီကနေ့ နေ့လယ်က ရခိုင်ပြည်နယ် ဘူးသီးတောင် မြို့မှာ လူတစ်ထောင် လောက်က ယူအန်နဲ့ အိုင်အန် ဂျီအိုတွေ ခုနှစ်ရက်အတွင်း မောင်တော ခရိုင်က ထွက်သွားဖို့ ဆန္ဒပြ တောင်းဆို ခဲ့ကြပါတယ်။

သူတို့က ဘူးသီးတောင် မြို့က အေးစေတီ ဘုန်းကြီးကျောင်းမှာ စုဝေးခဲ့ကြပြီးတဲ့နောက် တစ်နာရီလောက် ကြာအောင် လမ်းမတွေပေါ်မှာ ဆန္ဒပြခဲ့ကြ တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ယူအန်နဲ့ အိုင်အန်ဂျီအိုတွေဟာ မောင်တောမြို့နယ် ဒူချီရာတန်း ကျေးရွာ ဖြစ်စဉ်မှာ ရခိုင် လူမျိုးတွေ သတ်လို့ မွတ်ဆလင် ကလေးနဲ့ အမျိုးသမီး ၄၀ ကျော် သေဆုံးတယ် ဆိုတဲ့ မမှန် သတင်းတွေ ထုတ်ပြန်တဲ့ အတွက်ကြောင့် အခုလို ဆန္ဒပြရတာလို့ ဆိုပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ