မြန်မာကလေးအာဟာရ မြင့်မားရေး ကုလကြိုးပမ်း

  • 6 ဖေဖော်ဝါရီ 2014
myanmar child ဓာတ်ပုံ မူပိုင် AFP
Image caption မြန်မာ ကလေးအာဟာရ ဖွံ့ဖြိုးမှု နှုန်း နှေးကွေးနေ

ကမ္ဘာ့ စားနပ် ရိက္ခာ အဖွဲ့၊ ကုလ သမဂ္ဂ ကလေးများ ရန်ပုံငွေ အဖွဲ့ စတာတွေနဲ့ မြန်မာ အစိုးရ ပူးတွဲပြီး ၅ နှစ်အောက် မြန်မာ ကလေးများ အာဟာရ မြှင့်တင်ရေး ပူးတွဲ စီမံချက် လုပ်ဖို့ နေပြည်တော်မှာ ဆွေးနွေး နေပါတယ်။

ဒီလို ဖြေရှင်းရာမှာ အာဟာရ မြှင့်တင်ရေး အထူး လိုအပ်နေတဲ့ ချင်း၊ ရခိုင်နဲ့ ရှမ်းပြည်နယ် မြောက်ပိုင်းလို ဒေသတွေက ကလေး တွေ အတွက် လာမယ့် ၂ နှစ် အတွင်း ပြည့်မီအောင် ဆောင်ရွက်ဖို့ မလွယ်သေးဘူး။ ဒီဒေသတွေရဲ့ အာဟာရ ချို့တဲ့မှုက ရန်ကုန် မန္တလေး မြို့ကြီး တွေမှာထက် ၂ ဆ များပါတယ်။

အဓိကက နောက် လာမယ့် ၂ နှစ် ၅ နှစ်တွင်းမှာ မြန်မာ ကလေး တွေရဲ့ အာဟာရ ဖွံ့ဖြိုးမှု နှုန်းထားက ဒေသတွင်း မှာ တတိယ နောက်ဆုံး လိုက်နေ တာက ပြောင်းလဲ အောင် ဆောင်ရွက်ဖို့ လိုတယ် လို့လည်း Mr. Bertrand Bainvel က ပြောပါတယ်။

ဒီလို အာဟာရ ဖြည့်တင်းရေးမှာ အစာရေစာ မလုံလောက်မှု အပြင် ကျန်းမာရေး စောင့်ရှောက်မှု အားနည်းတာ၊ အစာကျွေးမှု နည်းစနစ် မမှန်တာ စတဲ့ အခြေခံ အကြောင်းရင်းတွေ အများအပြား ရှိပါတယ်။

ဒါတွေ အားလုံး အမြစ်ကလှန်နိုင်ဖို့ အားလုံး ထောင့်စုံက ချိတ်ဆက် လုပ်ကိုင်သွားကြဖို့ လိုပါတယ်။

နောက်ပြီး ကျန်းမာရေး ပြုပြင်မှုမှာ အရေးပါတဲ့ ကျေးလက် ကျန်းမာရေး ကဏ္ဍ ဖွံ့ဖြိုးဖို့ကလည်း အရေးကြီး ပါတယ်။

တောင်ပေါ်ဒေသတွေမှာ ကျယ်ကျယ် ပြန့်ပြန့် ဖြစ်ပွားနေတဲ့ အိုင်အိုဒင်း ချို့တဲ့မှုနဲ့ ဗီတာမင် လိုအပ်ချက် လို ပြဿနာတွေ ဖြေရှင်းဖို့ ဖြည့်စွက်အစာ စီမံချက်တွေ ကိုလည်း ဒီဆွေးနွေးပွဲမှာ အကျယ်တဝင့် ဆွေးနွေးဖို့ ရှိပါတယ်။

ရန်ကုန် ကလေးဆေးရုံကြီး အာဟာရ ဖြည့်တင်းရေး ယူနစ်က အငြိမ်းစား တာဝန်ခံ ဆရာဝန်ကြီး ဒေါက်တာ ဒေါ်အိအိခင် ကတော့ သူအရင်က တွေ့ကြုံခဲ့ဖူးတဲ့ ကုလ အာဟာရ ဖွံ့ဖြိုးရေး စီမံကိန်း တွေနဲ့ နှိုင်းယှဉ်ပြီး အခု လာမယ့် စီမံချက် အသစ် မှာလည်း နှောင့်နှေး လစ်ဟာမှုတွေ၊ လေလွင့်မှုတွေ မရှိအောင် စီမံဖို့ အရေးကြီး တယ်လို့ ပြောပါတယ်။ မြန်မာ ကလေးငယ်တွေရဲ့ အာဟာရ ဖွံ့ဖြိုးရေး အတွက် ကျန်းမာရေး၊ လူမှုစီးပွား ဖွံ့ဖြိုးရေးတွေ အရေးတကြီး လုပ်ဆောင်ဖို့ လိုအပ်နေပြီ ဖြစ်ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ