ဒုချီးရားတန်း ကိစ္စ စုံစမ်းရေး ကော်မရှင်ဖွဲ့

  • 7 ဖေဖော်ဝါရီ 2014
ဓာတ်ပုံ မူပိုင် AFP
Image caption ရဲတစ်ဦး ပျောက်ဆုံး ခဲ့ပြီးနောက်၊ ရိုဟင်ဂျာ ရွာသားတွေ ၁ဝ ဂဏန်းချီ သေဆုံးခဲ့တယ် ဆိုတဲ့ စွပ်စွဲချက်တွေ ထွက်ပေါ်နေ

ရခိုင်ပြည်နယ် မောင်တော မြို့နယ် ဒုချီးရား တန်း ကျေးရွာ ပဋိပက္ခနဲ့ ပတ်သက်ပြီး စုံစမ်း စစ်ဆေးဖို့ အတွက် ၁ဝ ဦး ပါတဲ့ ကော်မရှင်ကို သမ္မတ ဦးသိန်းစိန် က ဖေဖေါဝါရီလ ၇ ရက် နေ့မှာ ဖွဲ့စည်း တာဝန်ပေး လိုက်ပါတယ်။

ပြီးခဲ့တဲ့ လလယ်ပိုင်းမှာ ရဲတစ်ဦး ပျောက်ဆုံးခဲ့ပြီး နောက် ရိုဟင်ဂျာ ရွာသားတွေ ၁ဝ ဂဏန်းချီ သေဆုံးကာ လကုန်ပိုင်းမှာလည်း မီးလောင် မှုတွေ ဖြစ်ပွားခဲ့တယ် ဆိုတဲ့ စွပ်စွဲ ပြောဆိုမှုတွေ အမျိုးမျိုး ထွက်နေခဲ့တာ ဖြစ်ပါတယ်။

စုံစမ်း စစ်ဆေးရမယ့် အချက် ၅ ချက်က ကြိုတင် ကောက်ချက် ချပြီး သတ်မှတ် ပေးထားသလိုလည်း ဖြစ်နေတော့ တကယ့် ဖြစ်ရပ်မှန်ကို ဖော်ထုတ် နိုင်ပါ့ မလားလို့ ဝေဖန်သူတွေလည်း ရှိနေပါတယ်။

ဒုချီးရားတန်း ကျေးရွာက ဖြစ်ရပ်နဲ့ ပတ်သက်ပြီး "စုံစမ်း စစ်ဆေးရေး ကော်မရှင်" မှာ မြန်မာနိုင်ငံ ကြက်ခြေနီအသင်း ဥက္ကဋ္ဌ ဒေါက်တာ သာလှရွှေက ဥက္ကဋ္ဌ ဖြစ်ပြီးတော့ အီးဂရက်က ဒေါက်တာ ကျော်ရင်လှိုင်က အတွင်းရေးမှူး ဖြစ်ပါတယ်။

ဘာသာပေါင်းစုံ ညီညွတ်ရေးက အဖွဲ့တွေ ပါသလို ဒေသတွင်းက အစ္စလာမ် ဘာသာဝင်နဲ့ ရခိုင် တိုင်းရင်းသားတွေလည်း ပါဝင်ပါတယ်။ အစီရင်ခံစာကို အခုလ ၂၈ ရက်နေ့ နောက်ဆုံးထားပြီး သမ္မတထံ တင်သွင်းရမှာ ဖြစ်ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ