ဘုန်းကြီးကျောင်းမှာ ခိုလှုံသူတွေကို ထွက်ခွာခိုင်း

  • 8 ဖေဖော်ဝါရီ 2014
ဓာတ်ပုံ မူပိုင် Reuters
Image caption မကြာသေးခင် ကလည်း သမီးလှ ရွာက ဘုန်းကြီး ကျောင်းကို ကျူးကျော် ဆိုပြီး ဖျက်ပစ်

ကျူးကျော် အိမ်တွေ ဆိုပြီး ဖျက်ပစ်ခံ ခဲ့ရတဲ့ လှည်းကူးမြို့နယ် သမီးကလေး ကျေးရွာက ရွာသားတွေ ဟာ အောင်သိဒ္ဓိ ဘုန်းကြီးကျောင်း ဝင်း ထဲမှာ ခိုလှုံ နေတာကို ပဲခူးတိုင်း အာဏာ ပိုင်တွေက ထွက်ခွာ ခိုင်းနေပါတယ်။

သမီးကလေး ကျေးရွာဟာ ရန်ကုန်တိုင်း ထဲမှာ ရှိနေပြီး ရွာသားတွေ ခိုလှုံနေတဲ့ ရွာ အနီးနားက ဒီဘုန်းကြီး ကျောင်း ကတော့ ပဲခူးတိုင်း ထဲမှာ ရှိနေတာပါ။

ဘုန်းကြီး ကျောင်းဝင်း ထဲမှာ ရွာသား(၅၀၀)လောက် ဒုက္ခသည် အဖြစ် လာရောက် နေထိုင် နေတယ်လို့ အဲဒီ ဘုန်းကြီးကျောင်းက ဦးဇင်းက ပြောပါတယ်။

အာဏာပိုင် တွေဟာ ဖေဖော်ဝါရီလ (၄)ရက်နေ့က သမီးကလေး ကျေးရွာ တစ်ရွာလုံးက နေအိမ်တွေကို ကျူးကျော်တွေ ဆိုပြီး ဝင်ရောက် ဖျက်ခဲ့ တာကြောင့် ရွာသားတွေ ဟာ ဘုန်းကြီးကျောင်းမှာ ခိုလှုံ နေရတာ ဖြစ်ပါတယ်။

ဒုက္ခသည် အဖြစ် ခိုလှုံ နေရသူတွေ ထဲမှာ ရွာနား တဝိုက် စာကျောင်းတွေမှာ ပညာ သင်ကြား နေတဲ့ ကလေးတွေလည်း ပါပါတယ်။ ဒါကြောင့် ကလေးတွေ ကျောင်းပိတ် တဲ့ အထိ ဘုန်းကြီးကျောင်းမှာ ဆက်နေဖို့ တောင်းခံ ထားတယ်လို့ အောင်သိဒ္ဓိ ဘုန်းကြီးက ဦးဇင်းက ပြောပါတယ်။

ပြီးခဲ့တဲ့ ရက်အတွင်း သမီးကလေး ကျေးရွာ အပါဝင် တောင်လုံးမြောင်၊ ထိမနာ၊ အုတ်ဖို စတဲ့ ကျေးရွာ(၄)ရွာမှာ ရှိတဲ့ နေအိမ် တွေကို အာဏာပိုင် တွေက ကျုးကျော် တွေဆိုပြီး ဝင်ရောက် ဖျက်ဆီးခဲ့ ပါတယ်။

ဒီနေရာတွေကို အစိုးရက တပ်ပိုင်မြေ အဖြစ် (၁၉၉၄) ခုနှစ် ကတည်းက သိမ်းဆည်း ခဲ့တာ ဖြစ်ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ