ဦးမြင့်ဆွေ(မဟာဝိဇ္ဇာ- လန်ဒန်)ကွယ်လွန်

  • 9 ဖေဖော်ဝါရီ 2014
myint_swe ဓာတ်ပုံ မူပိုင် httpwww.yangonbuddhistuniversity.org
Image caption ၈ဝ ကျော်ထိ စာပေ ပို့ချသွားသူ ဦးမြင့်ဆွေ

မန္တလေးနဲ့ ရန်ကုန် ဗုဒ္ဓ တက္ကသိုလ်တွေကို တည်ထောင် အုပ်ချုပ် သွားတဲ့ မန္တလေး တက္ကသိုလ် ပါဠိ ဌာန တွဲဖက် ပါမောက္ခဟောင်း ဦးမြင့်ဆွေဟာ မန္တလေးမြို့မှာ ကွယ်လွန်သွား ခဲ့ပါတယ်။

ကွယ်လွန်ချိန်မှာ ၈၁ နှစ် ရှိပြီ ဖြစ်တဲ့ ဦးမြင့်ဆွေဟာ ကွယ်လွန်ခါနီး အချိန်ထိ ပါဠိနဲ့ ဗုဒ္ဓ စာပေ သင်ကြား ပို့ချမှုတွေ ပြုလုပ်သွား ခဲ့တယ်လို့ မိသားစုက ပြောဆိုပါတယ်။

ဦးမြင့်ဆွေ ဟာ ရဟန်းဘဝနဲ့ ဓမ္မာစရိယ အောင်တဲ့အထိ သင်ယူပြီး မှ မန္တလေး တက္ကသိုလ်မှာ ပါဠိ ၊ သက္ကတ ဘာသာရပ်တွေ ထပ်မံ သင်ကြား ခဲ့ပါတယ်။

အဲဒိနောက် လန်ဒန် တက္ကသိုလ် အရှေ့တိုင်းနဲ့ အာဖရိက ပညာရပ်များ ကျောင်းမှာ မဟာဝိဇ္ဇာ ဘွဲ့ သင်ယူ ဆည်းပူး ခွင့် ရခဲ့ပြီး မန္တလေး တက္ကသိုလ် မှာ ဆက် အမှုထမ်း ခဲ့ပါတယ်။

အငြိမ်းစား ယူပြီးနောက် ခေတ်မီ သင်ကြား နည်းနဲ့ အရှေ့တိုင်း ဘာသာ တွေ သင်ယူလိုတဲ့ ရဟန်းတော်နဲ့ လူဝတ်ကြောင် တွေ အတွက် ဗုဒ္ဓ တက္ကသိုလ် တွေ ကို ဖွင့်လှစ် သင်ကြား ခဲ့ပါတယ်။

ဘာသာရေး ကျမ်း စာအုပ်တွေ ကိုလည်း ဦးမြင့်ဆွေ (မဟာဝိဇ္ဇာ- လန်ဒန်) အမည်နဲ့ အများအပြား ရေးသား ခဲ့ပါတယ်။

မြန်မာ စာပေနဲ့ မြန်မာ့ ယဉ်ကျေးမှု အခြေခံ ဖြစ်တဲ့ ပါဠိနဲ့ ဗုဒ္ဓ စာပေ လေ့လာရေးကို တစိုက်မတ်မတ် လုပ်ဆောင်ခဲ့သူ တယောက် ဖြစ်ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ