NLD နဲ့ ၈၈ ဖွဲ့စည်းပုံ ပြင်ရေး ပူးပေါင်း

  • 10 ဖေဖော်ဝါရီ 2014
88 ဓာတ်ပုံ မူပိုင် 88 gen
Image caption ဒေါ်စုနဲ့ ၈၈ ကျောင်းသားတွေ တွေ့ဆုံခဲ့

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်နဲ့ ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနဲ့ ပွင့်လင်း လူ့အဖွဲ့အစည်းကြား ဖွဲ့စည်းပုံ ပြင်ဆင်ရေး ပူးပေါင်း ဆောင်ရွက် သွား မယ်လို့ ၂ ဘက် ပူးတွဲ ကြေညာချက် ထွက်ရှိ လာပါတယ်။

အမျိုးသား ပြန်လည် သင့်မြတ်ရေး အတွက် လိုအပ်တဲ့ ဒီမိုကရေစီ ပြည်ထောင်စု ဖော်ဆောင်ရေးမှာ ဒီမိုကရေစီ နည်းကျတဲ့ အခြေခံ ဥပဒေ ရှိမှ ဖြစ်မှာမို့ ဒီလို ပူးပေါင်းဖို့ ဆုံးဖြတ်ကြောင်း ၈၈ မျိုးဆက်က ကိုမြအေးက ပြောကြား ပါတယ်။

ဒေါ်အောင်ဆန်းစုကြည် သမ္မတ ဖြစ်ရေးမှာ အတားအဆီး ဖြစ်တဲ့ ပုဒ်မ ၅၉ (စ) ပြင်ဆင်ရေး အတွက် လည်း ၁၉၄၇ ဖွဲ့စည်းပုံ ဥပဒေ ပါ သတ်မှတ်ချက် အဆင့်မျိုး ပြန်ဖြစ် စေလိုကြောင်း ၈၈ ဘက်က ဆုံးဖြတ် ထားတယ်လို့ သိရပါတယ်။

ဒီလို ဆောင်ရွက်ရာမှာ NLD ဘက်က ၈၈ ကို လွှမ်းမိုး ဦးဆောင် သွားမှာ မဟုတ်ဘဲ လွှတ်တော် အတွင်း အပြင် ပူးပေါင်း လက်တွဲပြီး ငြိမ်းချမ်း တရားမျှတတဲ့ နည်းတွေ နဲ့ ဆောင်ရွက် သွားဖို့ ဖြစ်တယ်လို့ ပြောပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ