မတ်လ ၂၉ ရက်နေ့ သန်းခေါင်စာရင်း စကောက်မယ်

  • 10 ဖေဖော်ဝါရီ 2014
ဓာတ်ပုံ မူပိုင် others
Image caption ပြည်လုံးကျွတ် သန်းခေါင်စာရင်း ကောက်ခံတော့မယ်

မြန်မာနိုင်ငံမှာ နှစ်ပေါင်း ၃၀ ကျော်အတွင်း ပထမဆုံးအကြိမ် ကောက်ခံမယ့် ပြည်လုံးကျွတ် သန်းခေါင်စာရင်း ကောက်ယူဖို့ ရက်ပေါင်း ၄၀ကျော် ဘဲ ကျန်ပါတော့တယ်။

တစ်နိုင်ငံလုံးအနှံ့ အကွက်ပေါင်း တစ်သိန်းကျော် သတ်မှတ်ပြီး လာမဲ့ မတ်လ ၂၉ရက် နေ့ ညသန်းခေါင်ယံ အချိန် က စပြီး ၁၂ ရက် ကြာ ကောက်ခံမှာ ဖြစ်ပါတယ်။

ဒီကောက်ခံမှုကို အစိုးရအနေနဲ့ သတ်မှတ်ထားတဲ့ စနစ်တွေ အတိုင်း ကောက်ခံ သွားမယ်လို့ အစိုးရဖက်က ရန်ကုန်မှာ သတင်းစာ ရှင်းလင်းပွဲ ပြုလုပ်ကာ ကြေညာခဲ့ပါတယ်။

မြန်မာနိုင်ငံ အနှံ့ တိုင်းနဲ ပြည်နယ် ၁၅ ခု မြို့ နယ် ပေါင်း ၃၃၀ နဲ ကျေးရွာပေါင်း ၆ သောင်း ကျော်မှာ လာမယ့် မတ်လ၂၉ ရက် နေ့ ည သန်းခေါင်ယံအချိန်မှာ စတင် ကောက်ခံမှာ ဖြစ်ပါတယ်။

လူဝင်မှု ကြီးကြပ်ရေး နဲ ပြည်သူ့ အင်အား ဝန်ကြီးဌာနက ပြည်ထောင်စု ဝန်ကြီး ဦးခင်ရီ က ဒီသန်းခေါင်စာရင်းကို ဘယ်လိုကောက်ခံမယ် ဒီကောက်ခံမှုဟာ တိုင်းပြည် အတွက် အရေးပါတယ် အခု သန်းခေါင် စာရင်း ကောက်ယူတဲ့ ပုံစံဟာ တကမ္ဘာလုံးမှာ သုံးတဲ နည်းပညာသာ ဖြစ်ပြီး စံချိန်စံညွန်း တွေနဲ့ ညီတယ် ဆိုတာကို သတင်းစာ ရှင်းလင်းပွဲမှာ ပြောသွားခဲ့ပါတယ်။

တိုင်းရင်းသားတွေဖက် ကတော့ ဒီ သန်းခေါင်စာရင်း ကောက်ယူမှုနဲ့ ပတ်သက်လို့ ကန့်ကွက်တာတွေ ရှိနေသလို သီးခြား code နံပါတ် ပေးဖို့ တောင်းဆိုတာတွေအပေါ် အစိုးရဖက်က ညိနှိုင်းဖို့ရှိတယ်လို့ ပြောပေမဲ့ ဒီလို ယူ ဆတာ တွေဟာ လွဲမှား နေတယ်လို့ ဝန်ကြီး ဦး ခင်ရီ က ပြောပါတယ်။

အစိုးရဘက် ကတော့ ဒီလို ကောက်ခံမှုတွေနဲ့ ပတ်သက်လို့ တိုင်းရင်းသားတွေ ဘက်က နားလည်အောင် ရှင်းပြဖို့ရှိတယ်လို့ ဝန်ကြီး ဦးခင်ရီက ပြောသွားခဲ့ပါတယ်။

ဒီ သန်းခေါင်စာရင်း ကောက်ယူမှု အတွက်လည်း အစိုးရက နိုင်ငံ အနှံ့မှာ ကောက်ယူမယ့် သင်တန်းသား တစ်သိန်းကျော်ကို သင်တန်းတွေ ပေးဖို့ ပြင်နေပြီ ဖြစ်ကြောင်း သိရပါတယ်။

ဒါ့အပြင် အစိုးရဘက်က ဒီနေ့ ရှင်းတာကို ကြည့်ရင် တိုင်းရင်းသားတွေ ဖက်က တောင်းဆိုတဲ့ ရက်ရွှေ့ဆိုင်းဖို့နဲ ပြင်ဆင်ဖို့တွေ မရှိဘဲ မူလအစီစဉ်အတိုင်း သန်းခေါင်စာရင်း ကောက်ယူ သွားဖို့ ရှိတာ ပေါ်လွင်နေတယ်လို့ သတင်းထောက်တွေက ပြောပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ