ချားလ်စ် မင်းသား ဘီဘီစီ မြန်မာဌာန နဲ့တွေ့

  • 11 ဖေဖော်ဝါရီ 2014
Prince Charles visits the BBC
Image caption ဗြိတိသျှ အိမ်ရှေ့စံ ချားလ်စ် မင်းသားနဲ့ ကြင်ယာတော် တို့ သတင်းခန်းမှာ လေ့လာ

ဗြိတိန်နိုင်ငံရဲ့ အိမ်ရှေ့စံ ချားလ်စ် မင်းသားကြီးနဲ့ သူ့ရဲ့ ကြင်ယာတော် Cornwall မြို့စားCamilla တို့က လန်ဒန်မြို့ လယ်မှာ ရှိတဲ့ New Broadcasting House ဘီဘီစီ ရုံးသစ်ကြီးကို ဖေဖော်ဝါရီလ ၁၁ ရက် အင်္ဂါနေ့ မနက်က လာရောက် လေ့လာခဲ့ ပါတယ်။

ကမ္ဘာ့သတင်းခန်း အပါအဝင် မြန်မာဌာနနဲ့ အခြား ဘာသာစကား ဌာနတွေကိုလည်း ဝင်ရောက် ကြည့်ရှုရင်းနဲ့ မြန်မာ ဝန်ထမ်းတွေကို ရင်းရင်းနှီးနှီး နှုတ်ဆက်ခဲ့ပါတယ်။

ဘီဘီစီ မြန်မာ ဌာနရဲ့ ရုပ်မြင်သံကြား အစမ်း ထုတ်လွှင့်ဖို့ ပြင်ဆင်နေတဲ့ စတူဒီယိုထဲ အထိ ဝင်လာပြီး မြန်မာ ဌာနက ဘာတွေ ထုတ်လွှင့် သလဲ၊ လက်ရှိ နိုင်ငံရေး အရ ပြောင်းလဲလာတဲ့ အချိန်မှာ မြန်မာ ဌာန အနေနဲ့ ဘာတွေ ထုတ်လွှင့် နိုင်သလဲ စသဖြင့် သူသိချင်တာတွေကို မေးမြန်းခဲ့ပါတယ်။

ဒါ့အပြင် ဒေါ်အောင်ဆန်း စုကြည် သမ္မတ ဖြစ်နိုင်ရေး အလားအလာနဲ့ မြန်မာ့ နိုင်ငံရေး အပြောင်းအလဲ တွေကိုလည်း စိတ်ဝင်တစား မေးမြန်းခဲ့ ပါတယ်။

သူ့အနေနဲ့ မြန်မာနိုင်ငံကို သွားလည်ချင် ကြောင်းလည်း ထုတ်ဖေါ်ပြောခဲ့ ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ