ဂျာမန်သမ္မတ ရန်ကုန် တက္ကသိုလ်မှာ မိန့်ခွန်းပြော

  • 11 ဖေဖော်ဝါရီ 2014
ဓာတ်ပုံ မူပိုင် Getty
Image caption ဂျာမန် ကုမ္မဏီတွေ ဟာ ပစ္စည်း ရောင်းဖို့တင် မဟုတ်ဘဲ အောက်ခြေ လူတွေကို အကူ အညီ ပေးနိုင် ဖို့ ဖြစ်တယ်

ဂျာမန် သမ္မတ မစ္စတာ ယိုအာခင်ဂေါက် ဟာ မနက်ပိုင်းမှာ ရန်ကုန် တက္ကသိုလ်မှာ လူငယ် တွေကို မိန့်ခွန်း ပြောခဲ့ သလို ကုန်သည် စက်မှု အသင်း ချုပ်မှာ ပြုလုပ်တဲ့ ဂျာမန် ကုန်သည် ကြီးများ အသင်း ရဲ့ ကိုယ်စားလှယ် ရုံးခန်း ဖွင့်လှစ်ပွဲ အခမ်း အနား ကိုလည်း တက် ရောက်ခဲ့ ပါတယ်။

ဂျာမန် ဘာသာ နဲ့ မိန့်ခွန်းမှာ မြန်မာ နိုင်ငံမှာ ဖြစ်ပွား နေတဲ့ ဗုဒ္ဓ ဘာသာ နဲ့ မွတ်ဆလင် တွေကြား ပဋိပက္ခ တွေကို စိုးရိမ် တဲ့ အကြောင်းနဲ့ မြန်မာ နိုင်ငံ အခြေခံ ဥပဒေ ပြင်ဆင်ရေး နဲ့ ပတ်သက်ပြီး ဂျာမန် အစိုးရက ကူညီ ပေးချင်တဲ့ အကြောင်းတွေ သမ္မတက ပြောသွား ပါတယ်။

နောက် ပြီး မြန်မာ နိုင်ငံမှာ ဂျာမန် စီးပွားရေး လုပ်ငန်းတွေ ဝင်ရောက် လုပ်ကိုင် လိုပေမယ့် ဥပဒေတွေ ခိုင်ခိုင် မာမာ မထွက်လာ သေးတဲ့ အကြောင်းတွေ ပြောသွား ပါတယ်။

ကိုယ်စားလှယ် ၁၂၀ ကျော်ကို ဦး ဆောင်လာတဲ့ ဂျာမန် သမ္မတဟာ ကုန်သည် စက်မှူ အသင်းချုပ် ရုံးမှာတော့ ဂျာမန် ကုမ္မဏီတွေ ဟာ ကုန် ပစ္စည်းတွေ လာရောင်းတာ တခုတည်း မဟုတ်ဘဲ အောက်ခြေက လူတွေကို အကူ အညီ ပေးနိုင်ဖို့လည်း ပါ တယ်လို့ ပြောပါတယ်။

ညနေပိုင်း မှာတော့ ဂျာမန် အစိုးရက ရန်ကုန်မှာ ဖွင့်ထားတဲ့ ဂိုသေး ယဉ်ကျေးမှု ဌာနကို သွား ရောက်ခဲ့ ပါတယ်။ ဂျာမန် သမ္မတ နဲ့အဖွဲ့ဟာ ဗုဒ္ဓဟူး နေ့မှာ ရန်ကုန်မြို့ ကနေ ပြန်လည် ထွက်ခွာ မှာ ဖြစ်ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ