ကုလ သံတမန် ကင်တားနား မြန်မာပြည် ရောက်

  • 13 ဖေဖော်ဝါရီ 2014
ဓာတ်ပုံ မူပိုင် AFP
Image caption ပြီးခဲ့တဲ့ တစ်ခေါက်က ရန်ကုန်လေဆိပ်မှာ သတင်းစာ ရှင်းလင်းစဉ်။

မြန်မာနိုင်ငံ လူ့အခွင့်အရေး ဆိုင်ရာ ကုလသမဂ္ဂ အထူး သံတမန် မစ္စတာ ကင်တားနား က သူ့ရဲ့ တာဝန် မပြီးခင် နောက်ဆုံး ခရီးစဉ် အဖြစ် ဒီကနေ့ ဖေဖော်ဝါရီ ၁၃ ရက် နေ့မှာ မြန်မာ နိုင်ငံကို ရောက်လာပါတယ်။

ရောက်တဲ့နေ့မှာပဲ မြန်မာ နိုင်ငံ လူ့အခွင့် အရေး ကော်မရှင်နဲ့ တွေ့ဆုံပြီး ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနဲ့ ပွင့်လင်း လူ့အဖွဲ့ အစည်း အပြင် သတင်း မီဒီယာ သမားတွေနဲ့လည်း တွေ့ဆုံခဲ့ပါတယ်။

မောင်တော ဒူရာချီတန်း ကျေးရွာ ဖြစ်ရပ် လူ့အခွင့် အရေး ကော်မရှင် ဘက်က စစ်ဆေး စုံစမ်း မှုတွေနဲ့ ပတ်သက်ပြီး မစ္စတာ ကင်တာနား နဲ့ ပြောဆို ခဲ့တယ်လို့ ကော်မရှင်က ဦးစစ်မြိုင်က ပြောပါတယ်။

ဖွဲ့စည်းပုံ ပြင်ဆင်ရေး၊ ၂ဝ၁၅ ရွေးကောက်ပွဲ ကိစ္စနဲ့ လူ့အခွင့် အရေး ကိစ္စရပ် တွေကို ၈၈ မျိုးဆက် အဖွဲ့နဲ့ ဆွေးနွေး ခဲ့ပါတယ်။

သတင်း မီဒီယာတွေနဲ့ တွေ့ဆုံပြီး မြန်မာ နိုင်ငံ က သတင်း မီဒီယာ အခြေအနေနဲ့ ပတ်သက်တဲ့ အကြောင်းအရာ တွေကို ဆွေးနွေး ခဲ့ကြတယ်လို့ ရန်ကုန်မြို့ ကုလသမဂ္ဂ ရုံးက ပြန်ကြားရေး အရာရှိ ဦးအေးဝင်းက ပြောပါတယ်။

အခုတစ်ခေါက် မစ္စတာ ကင်တားနားရဲ့ ခရီးစဉ် အတွင်း ရခိုင်ပြည်နယ်၊ ကချင်ပြည်နယ် မြစ်ကြီးနား မြို့နဲ့ မုံရွာ မြို့တို့ကို သွားရောက်မယ်လို့ သူက ပြောပါတယ်။

ကရင်ပြည်နယ်ကို သွားဖို့ ခွင့်ပြုချက် တောင်းခံထားတာကိုတော့ ခွင့်ပြု မပြု မသိရ သေးဘူးလို့ ဆိုပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ