လိုင်စင်မဲ့ ဆိုင်ကယ် လိုင်စင်တင်ခွင့်ပေး

  • 13 ဖေဖော်ဝါရီ 2014
motorcycle
Image caption တရုတ်နယ်စပ်က အဓိက ဝင်တဲ့ ဆိုင်ကယ် ဈေးကွက်

လိုင်စင်မဲ့ ဆိုင်ကယ် တွေကို ဖေဖော်ဝါရီ လ ၁၇ ရက် က စပြီး တရားဝင် လိုင်စင် တင်ခွင့် ပြုမယ်လို့ ရထား ဒုတိယ ဝန်ကြီး ဦးချန်မောင် က လွှတ်တော်မှာ ပြောကြား သွားပါတယ်။

လိုင်စင်မဲ့ ဆိုင်ကယ်တွေနဲ့ ရာဇဝတ်မှု ကျူးလွန် တာ ရှိသလို ယဉ်မတော်တဆ ဖြစ်တာတွေမှာလည်း စိစစ်လို့မရတာတွေ ဖြစ်နေလို့ လိုင်စင် မှတ်ပုံတင် ဖို့ ဖြစ်လာတာလို့ ဦးချန်မောင်က ရှင်းပြပါတယ် ။

နောက်ဆုံး လိုင်စင် ထုတ်ပေးတဲ့ ၂ဝ၁၂ ခုနှစ်က ကုန်ကျစရိတ် လောက် ကုန်ကျမှာ ဖြစ်ပြီး ဆိုင်ကယ် တစီးချင်းရဲ့ တန်ဖိုးပေါ် ဂျူတီခွန် နဲ့ ကုန်သွယ်ခွန် ၁ဝ ရာခိုင်နှုန်း ပေးရမှာ ဖြစ်ပါတယ်။

အာမခံကြေး၊ ကညန ကြေး စတာတွေ ကတော့ ကျပ်ငွေ ၂ သောင်းခွဲ လောက် ကုန်ကျမှာ ဖြစ်ပါတယ်။

ဂျူတီခွန်နဲ့ ကုန်သွယ်ခွန်က ရတဲ့ငွေ ထဲက ၂၅ ရာခိုင်နှုန်းကို တိုင်းနဲ့ ပြည်နယ် အစိုးရတွေ ကို ခွဲဝေပေးမှာ ဖြစ်ပါတယ်။

လွန်ခဲ့တဲ့ ၁၅ နှစ်အတွင်း ၈ ကြိမ်မြောက် ဆိုင်ကယ် လိုင်စင်တွေ လုပ်ခဲ့ရာမှာ ဆိုင်ကယ်ပေါင်း ၂၈ သိန်း ကျော်ကို လိုင်စင် လုပ်ခဲ့ပြီး ကျပ်ငွေ သန်းပေါင်း ၂ သိန်း ၈ သောင်း နီးပါး ရခဲ့တယ်လို့ ပြည်ထောင်စု လွှတ်တော်မှာ အသိပေး ပြောကြား သွားပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ