အခြေခံဥပဒေပြင်ဆင်ရေးမူတွေ ဦးရွှေမန်းချပြ

  • 18 ဖေဖော်ဝါရီ 2014
Thura U Shwe Mann
သူရ ဦးရွှေမန်းပြင်ချင်တဲ့ ဖွဲ့စည်းပုံပါ အချက် တွေနဲ့ အများ သဘော သိပ်မကွာလို့ဆို

ပြည်ထောင်စု လွှတ်တော် နာယက သူရ ဦးရွှေမန်းက ဖွဲ့စည်းပုံအခြေခံ ဥပဒေ ပြင်ဆင်နိုင်ရေး အကောင်အထည်ဖော်မှု ကော်မီတီကို လုပ်ငန်းဆိုင်ရာ အခြေခံမူတွေ ပေးပို့ခဲ့ ပါတယ်။

ဖွဲ့စည်းပုံ အခြေခံ ဥပဒေနဲ့ ပတ်သက်ပြီး ပြင်ဆင်သင့်တဲ့ အချက်တွေကို သူချပြတဲ့ အထဲမှာ လူအများ ပြောနေကြတဲ့ ပြင်ဆင် ချင်တယ် ဆိုတဲ့ ချင်နေတဲ့ အချက်တွေနဲ့ သိပ်ကွာခြားမှု မရှိဘူးလို့ SNDP ရှမ်း တိုင်းရင်းသားများ ဒီမို ကရက်တစ် ပါတီ ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဦးရဲထွန်းက ပြောပါတယ်။

အခြေခံ ဥပဒေ အခန်း ၁၂ မှာ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပြင်ဆင်ခြင်းကို အရင်ဆုံး လေ့လာ သုံးသပ်ဖို့ တိုက်တွန်းထားတယ်လို့ ဦးရဲထွန်းက ပြောပါတယ်။

သူရ ဦးရွှေမန်းက သမ္မတ ဖြစ်နိုင်ခွင့် အရည် အချင်း သတ်မှတ်ချက် ဖြစ်တဲ့ ပုဒ်မ ၅၉ စ ကို အတိအကျ ပြောမထားပေမဲ့ သမ္မတကို ရွေးချယ်တဲ့ စံနစ်နဲ့ ပါလီမန် စနစ် မကိုက်ညီတာကို သုံးသပ်ဖို့ ပြောထားတဲ့ အတွက် သမ္မတကို လွှတ်တော်က ရွေးတာ မဟုတ်ဘဲ ပြည်သူ လူထုက တိုက်ရိုက် ရွေးချယ်တာမျိုး ဖြစ်အောင် စဉ်းစားဖို့ ထောက်ပြတာလို့ သူ ယူဆကြောင်းလည်း ဦးရဲထွန်းက ပြောပါတယ်။

ဒါပေမဲ့ ဒါကို ပြင်ဆင်နိုင်ဖို့က သိပ်လွယ်မယ် မထင်ကြောင်း၊ အကြောင်းက မူလ ဖွဲ့စည်းပုံ ရေးဆွဲခဲ့ကြတဲ့ စစ်တပ် သြဇာ လွှမ်းမိုးတဲ့ အုပ်စုက တပ်မတော်က လိုလားသူ တစ်ယောက် အစဉ် အမြဲ ဒုတိယ သမ္မတ ဖြစ်နေအောင် ရေးဆွဲထားခဲ့လို့ ဒါကို လက်တွေ့ ပြင်ဆင်ဖို့ အခက်ခဲဆုံး ဖြစ်နိုင်တယ်လို့ ဦးရဲထွန်းက သုံးသပ်ပါတယ်။

အခြေခံဥပဒေကို ၇၅ ရာခိုင်နှုန်း အထက် ထောက်ခံမှသာ ပြင်နိုင်တယ် ဆိုတဲ့ အစား ၇၅ ရာခိုင်နှုန်း အတိ ရရင် ပြင်နိုင်တယ်တယ်လို့ ပြောင်းလဲ ဖို့ ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီက ဖွဲ့စည်းပုံအခြေခံ ဥပဒေ လောလာ သု့းသပ်ရေး ကော်မီတီကို တင်ပြခဲ့တယ်လို့ သိထားတာကြောင့် မူလ အချက်နဲ့ သိပ်မကွာတဲ့ အတွက် ဒါကတော့ လွယ်ကူနိုင်တယ်လို့ ဦးရဲထွန်းက ပြောပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ