သိမ်းဆည်း မြေယာ အချိန်မီ ပြန်ပေးမယ်

  • 20 ဖေဖော်ဝါရီ 2014
farmer ဓာတ်ပုံ မူပိုင် bbc
Image caption လယ်မြေ ပိုင်ဆိုင်မှု ခြိမ်းခြောက် ခံနေရဆဲ

မြေယာ သိမ်းဆည်းမှု စုံစမ်း စစ်ဆေးရေး ကော်မရှင် အစီရင်ခံ စာတွေ အပေါ် သုံးသပ် ပြီး စက်တင်ဘာ လ အမီ သိမ်းဆည်း မြေယာ တွေထဲက ပြန်ပေး သင့်တာ ပြန်ပေး နိုင်အောင် ဆောင်ရွက် သွားမယ် လို့ ပြည်ထောင်စု လွှတ်တော် က ဆုံးဖြတ် ခဲ့ပါတယ်။

တကယ်ပဲ မြေယာတွေကို အချိန်မီ ပြန်ပေးမလား ဆိုတာက စေတနာပေါ် မူတည်ကြောင်း၊ ဝန်ကြီး ဌာနနဲ့ ကုမ္ပဏီတွေက ပြန်ပေးပြီးမှ တိုင်းနဲ့ ပြည်နယ် အစိုးရ အဆင့်မှာ ကြန့်ကြာ နေတဲ့ အမှုတွေလည်း ရှိတယ် လို့ ကော်မရှင် အဖွဲ့ဝင် မကွေးတိုင်း အမျိုးသား လွှတ်တော် ကိုယ်စားလှယ် ဦးလှဆွေက ပြောပါတယ်။

ပိုင်ဆိုင်မှု အထောက်အထား ပြနိုင်ပြီး စီမံကိန်း မှာလည်း အသုံးမချ ဖြစ်တဲ့ မြေတွေကို ပြန်ပေး နေတာ ဖြစ်ပါတယ်။

မြေယာ ပေးရေး အချိန်ကာလ သတ်မှတ် အပြီးသတ်ဖို့ လိုပြီး တောင်သူ တွေမှာ စာရွက်စာတမ်း ပိုင်ဆိုင်မှု သက်သေ မရှိတာကို အစိုးရက လက်မခံရင် အစိုးရနဲ့ လွှတ်တော်ကိုပဲ အပြစ်တင် ခံရမယ်လို့ ပြည်ထောင်စု လွှတ်တော် နာယက ဦးရွှေမန်းက ပြောကြား ခဲ့ပါတယ်။

နောက်ပိုင်း တိုင်ကြားတဲ့ အမှု တွေကို ဆက်လက် စိစစ် ဆောင်ရွက်ပေးနေမှာ ဖြစ်တယ်လို့လည်း သိရပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ