အဂတိလိုက်စားမှု ပပျောက်ရေးကော်မရှင် စာရင်း လွှတ်တော်တင်

  • 21 ဖေဖော်ဝါရီ 2014
ဓာတ်ပုံ မူပိုင် AFP
Image caption ပြည်ထောင်စုလွှတ်တော်

သမ္မတ ပြည်သူ့လွှတ်တော်နဲ့ အမျိုးသား လွှတ်တော်တွေက ရွေးချယ်ပေးတဲ့ ပုဂ္ဂိုလ် ၅ ဦးစီပါတဲ့ လဘ်ပေးလဘ်ယူနဲ့ အဂတိလိုက်စားမှု ပပျောက်ရေးကော်မရှင် အဖွဲ့ဝင် ၁၅ ဦးရဲ့ အမည်စားရင်းကို ဒီကနေ့ ပြည်ထောင်စု လွှတ်တော်ကို တင်သွင်းလိုက်ပါတယ်။

ဒီ ကော်မရှင်ကို လွှတ်တော်က အတည်ပြု ပေးရမှာ ဖြစ်ပါတယ်။

အမည်စာရင်းပါ ကော်မရှင် အဖွဲ့ဝင် အားလုံးဟာ စစ်ဘက် အရပ်ဘက် အငြိမ်းစား ဝန်ထမ်းတွေ ဖြစ်ကြပြီး စာရင်းစစ် ရုံးနဲ့ ရှေ့နေချုပ်ရုံး အငြိမ်းစားတွေလည်း ပါကြပါတယ်။

ကော်မရှင် ဥက္ကဋ္ဌအဖြစ် အငြိမ်းစား စစ်မှုထမ်း ဦးမြဝင်းနဲ့ အတွင်းရေးမှုး အဖြစ် အငြိမ်းစား သံအမတ် ဦးတင်ဦး တို့ကို လျာထားပါတယ်။

အခုလို အရေးပါတဲ့ ကော်မရှင်မှာ အငြိမ်းစားတွေနဲ့ပဲ ဖွဲ့စည်းထားတာနဲ့ ပတ်သက်ပြီး တရားလွှတ်တော် ရှေ့နေ့ ဦးကိုနီက ထောက်ပြ ပြောဆိုရာမှာ နှစ်ပေါင်းများစွာ အထက် အာဏာပိုင်တွေရဲ့ အမိန့်နဲ့ စေခိုင်းမှုကို ခံလာခဲ့ရတဲ့ ဝန်ထမ်းတွေ ဖြစ်တဲ့အတွက် လုပ်ငန်း အကောင်အထည် ဖော်တဲ့နေရာမှာ အားနည်းချက်တွေ ရှိနိုင်လို့ ပြောဆိုခဲ့ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ