အင်ဒိုနီးရှား ငါးဖမ်းလှေတွေ မြန်မာ ရေပိုင်နက်ထဲ ခိုးဝင်

  • 21 ဖေဖော်ဝါရီ 2014
Fishing Boat ဓာတ်ပုံ မူပိုင် AP
Image caption သူတပါး ရေပိုင်နက် အတွင်း ငါးခိုးဖမ်းမှုတွေ မကြာခဏ ရှိနေတာ တွေ့ရ

မြန်မာ နိုင်ငံ ရေပိုင်နက် အတွင်းမှာ ပြီးခဲ့တဲ့ ရက်ပိုင်းက တရား မဝင် ငါးခိုးဖမ်းတဲ့ အင်ဒိုနီးရှား နိုင်ငံက ငါးဖမ်းလှေ ငါးစီးကို မြန်မာ ရေတပ်က ဖမ်းဆီးခဲ့ ပါတယ်။

မြန်မာ ရေပိုင်နက် စူလာကျွန်း မြောက်ဘက်က ရေပြင်မှာငါးခိုးဖမ်း နေတုန်း ဖေဖော်ဝါရီလ ၁၆ ရက်နေ့က ဖမ်းဆီးမိခဲ့တဲ့ လှေတွေပေါ်မှာ လှေသား ၅၆ ယောက် ပါတယ်လို့ မြို့မ ရဲစခန်းက တာဝန်မှူးက ဘီဘီစီကို ပြောပါတယ်။

လှေသား တွေနဲ့ လှေတွေပေါ် ပါလာတဲ့ ပစ္စည်းတွေ အားလုံးကို မြိတ် မြို့က သက်ဆိုင်ရာ တာဝန်ခံ တွေကို အပ်နှံ လိုက်တယ်လို့ သူက ပြောပါတယ်။

လှေသား တွေကို ပုဒ်မ(၁၃) ၁ နဲ့ တရား စွဲဆိုပြီး ရမန်နဲ့ မြိတ်အကျဉ်းထောင်မှာ ထားရှိတယ်လို့ ဆိုပါတယ်။

လှေပေါ်မှာ ထိုင်ဝမ် နိုင်ငံသား တစ်ယောက်ပါဝင်ပြီး ကျန် ၅၅ ယောက်က အင်ဒိုနီးရှား နိုင်ငံသားတွေ ဖြစ်ကြတယ်လို့ ရဲစခန်း တာဝန်မှူးက ပြောပါတယ်။

အဲဒီလှေတွေထဲက တချို့က အင်ဒိုနီးရှား နိုင်ငံ ဂျာကာတာ မြိုံ့က လာတာ ဖြစ်ပြီး တချို့က ထိုင်းနိုင်ငံ ဖူးခက် ကနေ ထွက်လာကြတာပါ။

အရင်က ထိုင်း ငါးဖမ်လှေနဲ့ ဘင်္ဂါလီ လှေတွေကို ဖမ်းဆီး မိခဲ့တာတွေ ရှိပေမဲ့ အခု လှေတွေက တော့ ပထမဆုံးဖမ်းမိတဲ့ အင်ဒိုနီးရှား လှေတွေ ဖြစ်တယ်လို့ ဆိုပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ