MAI လေကြောင်း စင်းလုံးငှား ကိုရီးယားခရီးစဉ် စတင်

  • 21 ဖေဖော်ဝါရီ 2014
ဓာတ်ပုံ မူပိုင် Getty
Image caption တောင်ကိုရီးယားနဲ့ ပုံမှန် ခရီးစဉ်တွေကို မကြာခင် စတင်မယ်

အပြည်ပြည်ဆိုင်ရာ မြန်မာ့လေကြောင်းလိုင်း MAI ပိုင် လေယာဉ်နဲ့ တောင်ကိုရီးယား - မြန်မာ စင်းလုံးငှား ခရီးစဉ်ကို ဒီကနေ့ သောကြာနေ့မှာ စတင်လိုက်ပါတယ်။

ယခင်ကလည်း ကိုရီးယား ခရီးစဉ်တွေ ရှိခဲ့ဖူးပေမယ့် MAI ပိုင် လေယာဉ်နဲ့ မဟုတ်ဘဲ Korea လေကြောင်းနဲ့ Asiana လေကြောင်းလိုင်းက လေယာဉ်တွေနဲ့ Codeshare flight ပျံသန်းခဲ့တာလို့ MAI ရဲ့ ဈေးကွက် ဖော်ဆောင်ရေးနဲ့ ပြန်ကြားရေး မန်နေဂျာ ဒေါ်အေးမြသာက ပြောပါတယ်။

အခု MAI ပိုင် လေယာဉ်နဲ့ စင်းလုံးငှား ခရီးစဉ် အတွက် စျေးနှုန်းကတော့ ပျမ်းမျှအားဖြင့် တစ်နာရီကို အမေရိကန် ဒေါ်လာ ၆ ထောင်လောက်ရှိပြီး ကိုရီးယားလူမျိုးတွေက ငှားရမ်းကြတာ ဖြစ်တယ်လို့ ဆိုပါတယ်။

ပုံမှန် ခရီးစဉ် ခရီးသည်တင် လေယာဉ်တွေကိုတော့ မကြာခင်မှာ စတင် ပျံသန်းမှာ ဖြစ်တယ်လို့ ဒေါ်အေးမြသာက ပြောပါတယ်။

MAI မြန်မာ့လေကြောင်းလိုင်းဟာ ဂျပန်နိုင်ငံနဲ့ တိုက်ရိုက် ပျံသန်းမယ့် ပုံမှန် ခရီးစဉ်တွေကိုလည်း ဒီနှစ် ဇွန်လမှာ စတင်ဖို့ ကြိုးစားနေတယ်လို့ သူမက ဆိုပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ