သံတွဲ နဲ့ ကျိန္တလီ ကြား တရားမဝင်သစ် ခုတ်လှဲနေ

  • 23 ဖေဖော်ဝါရီ 2014
ဓာတ်ပုံ မူပိုင် others
Image caption သစ်တောတွေ ဧက ရာနဲ့ချီ ပြုန်းတီးနေ

ရခိုင်ပြည်နယ် သံတွဲမြို့နယ်နဲ့ ကျိန္တလီ မြို့နယ်ခွဲ အကြားမှာရှိတဲ့ သစ်တောတွေကို ကုမ္ပဏီတစ်ခုက ၀င်ရောက်ခုတ်လှဲနေရာမှာ ဧက ၃၀၀ နီးပါးထိတောင် ရှိသွားပြီလို့ သိရပါတယ်။

အဲသလို ခုတ်လှဲနေတာကို ကျိန္တလီမြို့နယ်ခွဲက ကျေးရွာသား ၄၀၀ ခန့်က စာရေးကန့်ကွက်တဲ့ အတွက် အခု အခါ ကျိန္တလီမြို့နယ်ခွဲဘက်က ခုတ်တာကို ရပ်နားလိုက်ပြီ သံတွဲမြို့နယ်ဘက်ခြမ်းမှာ ဆက်ခုတ်နေတယ်လို့ သိရပါတယ်။

ခု သစ်တွေကို ခုတ်လှဲနေတဲ့ နေရာကတော့ ရခိုင်ပြည်နယ် သံတွဲမြို့နယ်နဲ့ ကျိန္တလီမြို့နယ်ခွဲ ဆက်စပ် တည်ရှိတဲ့ သံတွဲမြို့နယ်ဘက်ခြမ်းက သစ်တောတွေ ဖြစ်တယ်လို့ သိရပါတယ်။

သစ်တောတွေဟာ သဘာ၀အလျှောက် ပေါက်ရောက်နေတဲ့ သစ်တောတွေ ဖြစ်ကြပြီး ခုတ်လှဲနေတာ အခုအခါ ဧက ရာနဲ့ ချီပြီး ပြုန်းတီး သွားပြီလို့ ဒေသခံ တစ်ဦးက ပြောပါတယ်။

အခု သစ်ခုတ်နေတဲ့ Gloden Key ကုမ္ပဏီက အစပိုင်းမှာ ကျိန္တလီမြို့နယ်ဘက်ခြမ်းမှာ သစ်ပင်တွေကို ခုတ်လှဲခဲ့ကြတာ ဖြစ်ပါတယ်။

ခုလို ဒေသခံ ရွာသား ၄၀၀ က သက်ဆိုင်ရာကို စာရေးတိုင်ကြားသလို သဘာ၀ ပတ်၀န်းကျင် ထိန်းသိမ်းရေးအဖွဲ့ကလည်း ရွာသားတွေ လုပ်ကိုင်စားသောက်နေတဲ့ မြေနေရာတွေ ဖြစ်တဲ့ အတွက် လွှတ်တော် အထိ တိုင်ကြားတဲ့ အတွက် အခု ကျီန္တလီဘက်ခြမ်းမှာ ခုတ်နေတာ ရပ်တန့်သွားပြီး သံတွဲမြို့နယ်ဘက်ခြမ်းမှာဘဲ ဆက်လက် ခုတ်လှဲနေတယ်လို့ ဒေသခံတွေက ဆိုပါတယ်။

ဒီ သစ်တောတွေဟာ ကျေးရွာသားတွေ ဘိုးစဉ် ဘောင်ဆက် မှီခိုလာတဲ့ သစ်တောတွေ ဖြစ်တဲ့ အတွက် ကျေးရွာအ တော်များများကို ထိခိုက်မူတွေ ရှိနိုင်တယ်လို့ ကျိန္တလီ ဒေသခံ တစ်ဦးက ဆိုပါတယ်။

ခုလို သစ်တောတွေကို ခုတ်လှဲနေတာနဲ့ ပတ်သက်ပြီး ကျိန္တလီ မြို့နယ် ခွဲ အုပ်ချုပ်ရေးမှူးကို ဆက်သွယ်မေးမြန်းတဲ့ အခါ အခု သစ်ခုတ်နေတာဟာ သံတွဲမြို့နယ် ဘက်ခြမ်း မှာ ဖြစ်တယ်လို့ ကျိန္တလီ မြို့နယ် အုပ်ချုပ်ရေးမှူးက ပြောပါတယ်။

ခုလို သစ်တောတွေကို ခုတ်လှဲနေတာနဲ့ ပတ်သက်ပြီး ဒေသခံတွေကို အာဏာပိုင်တွေက ကြိုတင် အကြောင်းတာတွေ မရှိသလို ရှင်းလင်းပြတာလည်း မရှိတဲ့ အတွက် ပွင့်လင်း မြင်သာမူ မရှိဆိုကာ ဒေသခံ ပြည်သူတွေကတော့ မကျေမနပ် ဖြစ်နေကြတယ်လို့ သိရပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ