အခွန် စိစစ် ကြပ်မတ်ရေး စတင်လုပ်ဆောင်

  • 24 ဖေဖော်ဝါရီ 2014
Burmese Kyats
Image caption အခွန် မပေးဆောင် ရအောင် ရှောင်ရှားသူတွေ ရှိနေဆဲ

လာမယ့် ဘဏ္ဍာနှစ်က စတင်ပြီးမြန်မာ နိုင်ငံမှာ အခွန် ပေးဆောင်မှု ကနေ ကင်းလွတ်နေတဲ့ လုပ်ငန်းရှင်တွေ မကျန်ရှိအောင် အခွန်စိစစ် ကြပ်မတ်ရေး ဘုတ်အဖွဲ့က ဆောင်ရွက်တော့မှာ ဖြစ်ပါတယ်။

အသေးစိတ် လုပ်ငန်းစဉ် တွေကို ထုတ်ပြန်ခြင်း မရှိသေး ပေမဲ့ လောလောဆယ် ရန်ကုန်တိုင်း အတွင်းက လုပ်ငန်းရှင်တွေနဲ့ စတင် တွေ့ဆုံ ဆွေးနွေးမှုတွေ ရှိနေတယ်လို့ ရန်ကုန်တိုင်း အခွန် ဦးစီး ဌာနက ဘီဘီစီကို ပြောပါတယ်။

မြန်မာ နိုင်ငံမှာ အခွန် တိမ်းရှောင်မှုတွေ ရှိနေတာ၊ အခွန် ပေးဆောင်ထိုက်သူတွေ ပေးလာကြအောင် လုပ်ဖို့က အခွန်ဆောင်တဲ့ အသိ ရှိလာအောင် လုပ်ပေးဖို့ လိုအပ်တယ်၊ အခွန် ဆောင်ဖို့ ပျက်ကွက်သူ တွေကို ဥပဒေ အရ အရေးယူဖို့ လိုအပ်တယ်လို့ ရန်ကုန်မြို့ ကုမ္ပဏီများဆိုင်ရာ အခွန်ရုံး က ဌာနမှူး ဦးတင်ထွန်းနိုင်က ပြောပါတယ်။

ပြည်သူတွေ အနေနဲ့ သူတို့ ထမ်းဆောင်လိုက်တဲ့ အခွန်တွေကို ဘယ်နေရာမှာ ဘယ်လို သုံးစွဲတယ် ဆိုတာ နိုင်ငံတော်ရဲ့ ဘတ်ဂျက်ကို အများ ပြည်သူ ကို တိုက်ရိုက် ထုတ်ပြန်တာ မရှိသေးပေမဲ့ လွှတ်တော်မှာတော့ တင်ပြနေတယ်လို့ သူက ပြောပါတယ်။

အခွန် ပေးဆောင် ရမယ့်သူတွေက အမှန်အကန် မပေးချင်ဘဲ ပေးသင့်တာထက် လျှော့ပေါ့ ပေးရအောင် အခွန်ဝန်ထမ်းတွေနဲ့ ပူးပေါင်းပြီး မသမာတဲ့ လုပ်ရပ်တွေ ဆက်ပြီး ရှိနေတယ် ဆိုတာကို ဦးတင်ထွန်းနိုင်က အသိအမှတ် ပြုပါတယ်။

ဒါတွေကို တဖြည်းဖြည်း ပပျောက်သွားအောင် နည်းလမ်း ပေါင်းစုံနဲ့ ကြိုးပမ်း ဆောင်ရွက် နေတယ်လို့ သူက ပြောပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ